Part (32) Uni/Zawgyi

Start from the beginning
                                    

"ငါတို့ကောင်အပီဆော်မှာကြည့်ရတော့မှာပဲ ဟျောင့်ရှယ်ပဲရန်ကြီး အဲ့ထိုင်းကပြားကောင်ကိုပြန်မထနိုင်အောင်ချကွာ"

ခိုင်မြဲက ရန်ကြီးရဲ့ဂုတ်ကိုဖက်ပြီး အားပေးအားမြှောက်လုပ်နေသည်။

ထူးမြတ်လင်းကတော့ပွဲကိုအနီးကပ်ကြည့်လာခဲ့ရသူမို့အနည်းငယ်တော့စိတ်ပူနေမိ၏။

*
*
*

" ဆီချက်တစ်ပွဲ အစိမ်းရှောင် "
" ဆီချက်တစ်ပွဲ အစိမ်းရှောင် "

ဒီနေ့ရုံးက ၈နာရီအစည်းအဝေးရှိတာမို့ အိမ်ကအုန်းနို့ခေါက်ဆွဲချက်နေတာစောင့်နေရင်မမှီမှာစိုးတာနဲ့ ၇နာရီလောက်ကတည်းကထွက်လာပြီး ကျောင်းသားဘဝကတည်းကစားနေကျ မနက်စာခေါက်ဆွဲဆိုနာမည်ကြီးတဲ့ရှမ်းစစ်စစ်အဒေါ်ကြီးဆိုင်မှာဝင်စားဖြစ်သည်။

ခေါက်ဆွဲပြင်နေတဲ့အဒေါ်ကြီးအနားသွားပြီး သူစားမယ့်ဆီချက်ခေါက်ဆွဲမှာတာကိုတိုက်တိုက်ဆိုင်ဆိုင် ပြိုင်တူထွက်လာတဲ့တစ်ဖက်ကမိန်းမအသံကြောင့်ခိုင်မြဲဘေးကိုတစ်ချက်ကြည့်လိုက်တဲ့အခါ သရဲတွေ့သလိုလန့်ဖြန့်သွားရသည်။

What The Hell အတည်ကြီးလား?

"ခိုင်မြဲ?"

သူ့ကိုဖော်ရွေစွာနဲ့ ပြုံးပြနှုတ်ဆက်နေတဲ့ အချစ်ဦးဆုယွန်းယွန်းထက်ကြောင့် ခိုင်မြဲလည်း ဘာပြန်ပြောရမှန်းမသိဘဲပြုံးပြလိုက်သည်။

ဘာလို့မနက်စောစောစီးစီးလာတွေ့နေရတာလဲ?

သူမကိုကြည့်တော့ ပါတိတ်ဝမ်းဆက်နဲ့ဖြောင့်ဆင်းနေတဲ့ဆံပင်တွေကိုဖားလျားချထားကာ လှနေသည်။

ကိုယ်ကတော့အစည်းအဝေးရှိတာမနက်စာစားဖို့မမှီမှာစိုးပြီး အပေါ်ယံမှာချိတ်ထားတဲ့ စတစ်အဖြူနဲ့ဘောင်းဘီအနက်ကိုဝတ်လာတာဖြစ်သည်။

ဖက်ရှင်လန်းလန်းနဲ့ညနေဘီယာထွက်သောက်တဲ့အချိန်မှာမဆုံဘဲ ရက်ကွက်ထဲကရှမ်းဆိုင်မှာ မနက်စာစားဖို့လာဆုံတာကြီးကတော့ လွန်ပါတယ်။ မတွေ့ဖြစ်တာလဲ 5 နှစ်နဲ့အထက်ရှိနေပြီကို။

ပြီးတော့ ဟိုတလောက Like ပေးမိလို့ သူက လာ Add ထားသေးတာ။

သူမကိုကြည့်ရတာကပေါ့ပေါ့ပါးပါးဖြစ်နေပေမဲ့ ခိုင်မြဲကတော့ အနေခက်နေပုံရသည်။

The Challenge of Love (OC)Where stories live. Discover now