Chapter 12

30 7 0
                                    

🦊Chapter 12
Arc 2 - လူမှားလက်ထပ်မိခြင်း

2.3 - လူက အဆိုပြုပေမဲ့ ဘုရားသခင်က ပယ်ချလိုက်တယ်

ဟိုတယ်တွင် ရွှယ်လင်သည် သူ၏ဖျော်ဖြေပွဲအတွက် ဝတ်ထားသည့်ဝတ်စုံကို ချွတ်လိုက်ပြီး ရေချိုးကာ အိပ်ယာပေါ်သို့ လှဲချလိုက်သည်။ သူ၏ယခင်ဘဝတုန်းကအတိုင်း အလုပ်ရှုပ်နေသေးသလို ခံစားရသည်။

"အကူစနစ်လေးရေ ငါ့ရဲ့ချစ်စရာကောင်းတဲ့တူမလေး အခုဘယ်မှာနေလဲ မင်းသိနိုင်မလား" သူ ခန္ဓါကိုယ်ကို လှည့်ကာ အကူစနစ်ကို ထုတ်လိုက်သည်။

"ငါ့မှာ အလုံးစုံသိမြင်နိုင်တဲ့ဥာဏ် မရှိဘူး..."

အကူစနစ်ထံမှ သနားစရာကောင်းသော ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါပေမယ့် မင်းကို အချက်အလက်တချို့ ငါ ပေးနိုင်တယ်၊ ဒါဆို အမြန်ဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး စုံထောက်ကို မင်း ရှာတွေ့နိုင်တယ်"

"ငါ့အတွက် သူ့ကို ဆက်သွယ်ပေး" ရွှယ်လင်သည် မြေခွေးလေး၏ ဦးခေါင်းကို ပွတ်သပ်ပြီး အကူစနစ်လေးကို ပလပ်ထိုးကာလျှပ်စစ်မီးလင်းစေသကဲ့သို့ အသုံးချနေသည်။

"ကလေးမလေး ဘယ်မှာရှိလဲဆိုတာကို အရင်ရှာကြည့်၊ မနက်ဖြန် ဆေးရုံကဆင်းရင် သူ့ကို သွားခေါ်လိုက်မယ်"

အကူစနစ်လေးသည် ရွှယ်လင် ဘာတွေလုပ်နေမှန်း မသိတော့ပေ။ သူ၏ အတွေးများအား လိုက်မမီနိုင်ဘဲ လုံးဝရှုပ်ထွေးနေသည်။

"ပိုင်ရှင် မင်းဘာလုပ်ဖို့စီစဉ်နေတာလဲ"

"ဝမ်ရှို့ယွမ်က သနားစရာ တကယ်ကောင်းတယ်"

ရွှယ်လင်သည် ထိုသို့မှတ်ချက်ပြုလိုက်ပြီး "အရင်ဆုံး သူ့မိဘတွေသေသွားတယ်၊ နောက်တော့ သူ့အစ်မ သေသွားတယ်။ သူ့တူအကြီးဆုံးက ရူးသွားပြီး သူ့တူမကလည်း သေသွားတယ်၊ နောက်ဆုံးတော့ သူကလည်း အဲဒီပုံစံအတိုင်းပဲ လိုက်ပြီးတော့ သေဆုံးသွားတယ်။ ဒီခန္ဓါကိုယ်ထဲကို ငါဝင်လိုက်တဲ့အချိန်တုန်းက သူ့မိဘတွေကို မကယ်တင်နိုင်ခဲ့ဘူး၊ ဒါကြောင့် ကျန်တဲ့သူ့ရဲ့ ဆွေမျိုးတွေကို အဲဒီလူ့အမှိုက်တွေကြားထဲကနေ တတ်နိုင်သမျှ မြန်မြန်ကယ်ထုတ်နိုင်ဖို့ကိုပဲ ငါ ကြိုးစားနိုင်တယ်"

ငါ့အမြီးကို ဘယ်ကောင်ထိလဲWhere stories live. Discover now