Chapter 6

62 10 0
                                    

🦊Chapter 6
Arc 1 - လူမှားယွင်းယုံကြည်မိခြင်း
1.6

ပွဲကို အနောက်မှနေ၍ သဘာဝကျကျကြည့်နေသော ဧကရာဇ်က ရွှယ်လင် ရောက်လာသောအခါ ရှေ့သို့ထွက်လာသည်။

"အရှင်ဧကရာဇ်မင်းမြတ် ကြွချီလာပြီ…"

ထိုသို့ဆိုသည်နှင့် လူတိုင်းက အရိုအသေပေးရန် ဒူးထောက်လိုက်ကြသည်။

ရွှယ်လင်လည်း အခြေအနေကိုလိုက်၍ ဒူးထောက်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ တူညီနေဆဲဖြစ်ပြီး အလွန်နူးညံ့သိမ်မွေ့၍ ရိုသေလေးစားမှုရှိပုံရသော်လည်း စိတ်ထဲတွင်မူ ဧကရာဇ်ကို သေခြင်းတရားထိကျိန်ဆဲနေလိုက်သည်။

“ ထကြပါ…ကိုယ်ေတာ့်ရဲ့ လေးစားရတဲ့ဝန်ကြီးများ…”

ဧကရာဇ်က ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့သည်။သူက လူလတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး ခန့်ညားထည်ဝါသော မျက်နှာမျိုးရှိသည်။ အသက်ကြီးလာသောကြောင့် သူ့မျက်လုံးများနှင့်မျက်ခုံးများပေါ်တွင်အရေးအကြောင်းများ ကျန်ရှိနေသော်လည်း ထိုအရာများကနိုင်ငံကိုယ်စားပြုသူ၏ဂုဏ်သိက္ခာကို မထိခိုက်စေပေ။

ရွှယ်လင်က သူ့နောက်တွင်လှည့်ပတ်နေသောရွှေရောင်နဂါးကြီးကိုတွေ့မြင်နေရသည်။ ဧကရာဇ်၏ ကံကြမ္မာသည် ဤကမ္ဘာမှအဓိကဇာတ်ကောင်ရှို့ဖြစ်သူ ကံတရား၏သားတော်ထက်မနိမ့်ကျပေ။

သို့သော် ထိုကိစ္စက ရွှယ်လင်၏မစ်ရှင်နှင့် ဘာမျှမဆိုင်ပေ။ ရွှယ်လင် အခြားသူများ၏ကံကို ကြည့်ကာ ဝင်ပါချင်နေ၍ မနေရပေ။

နတ်ဆိုးများတွင်လည်း သူတို့ဂုဏ်သိက္ခာနှင့် ဣန္ဒြေရှိသည်။  ထိုအချက်က ရွှယ်လင် အခိုင်အမာလိုက်နာသောအချက်ဖြစ်သည်။

“ ဒီနေ့ နန်းတွင်းစာမေးပွဲမှာ ငါကိုယ်တော်က ငါတို့ရဲ့လေးစားရတဲ့၀န်ကြီးတွေ နန်းတော်ထဲထိ ဝင်ရောက်လာနိုင်ဖို့အတွက် အလုပ်ခန့်ပေးရတယ်ဆိုတာ ဘာလိုမျိုးလဲသိရဖို့ လှည့်ကွက်လေး နည်းနည်းသုံးထားတယ်… ငါလည်း မတတ်သာပေမယ့် ဒီလို ဆောင်းပါးမျိုးတွေ ရေးနိုင်တဲ့လူငယ်တွေကိုတော့ တကယ် လေးစားပါတယ် …”

ငါ့အမြီးကို ဘယ်ကောင်ထိလဲWhere stories live. Discover now