အလုပ်သမားတွေစုဝေးပြီး ထမင်းစားတဲ့ကန်တင်းမှာ Hotel က ကျွေးတဲ့အစားအစာတွေကို အများဆုံးစားတာ အလုပ်သမားတွေထဲ Taehyung ပဲရှိသည်.

" Taehyung ရေဖြေးဖြေးစား မင်းကလေ လူကောင်သေးသလောက်တော်တော်စားနိုင်တယ်နော် "

" အစားကလူနဲ့တဲ့တယ်လေ "

" ဟုတ်ပါတယ် မင်းကလွန်လွန်းအားကြီးနေသလားလို့ "

" ငါ့ပါးစပ်နဲ့ငါ့ဗိုက်ဆန့်လို့စားတာအပြစ်ရှိလို့လား ပြီးတော့ အများကြီးမစားရဘူးလို့မရေးထားဘူးလေ"

Taehyung ဆိုတာအဲ့လိုစကားကိုပြေပြေပြစ်ပြစ်ပြောတက်တာ.. ဒါကြောင့်လည်းသူနဲ့အရောဝင်သူရှားသည်..သူကလည်းဘယ်သူမှအရောမဝင်ဘူးလေ..သူလုပ်ရမယ့်အလုပ်ကိုမခိုမကပ်လုပ်သလို အလကားကျွေးတဲ့ထမင်းကိုလည်းတန်အောင်စားသည်..

သူတို့ထိုသို့စကားပြောနေကြချိန် အလုပ်သမားတွေအစားအသောက်အဆင်ပြေရဲ့လားဆိုပြီး လာရောက်စစ်ဆေးတဲ့ CEO အသစ်ဆက်ဆက်လေး Jungkook

ဝင်ပေါက်ကိုကျောပေးကာထိုင်လို့စားနေတဲ့ Taehyung ကမသိပေမယ့် CEO ဝင်လာတာကိုမြင်ကြတဲ့သူတွေကတော့ ထိုင်နေရာကနေထကာ နှုတ်ဆက်ကြသည်..

Taehyung က သူပြောလိုက်လို့ထသွားကြမယ်ပဲထင်နေကာ CEO အနားရောက်လာလို့ နှုတ်ဆက်ကြတော့မှ ပါးစပ်ထဲထမင်းထိုးထည့်ရင်းကမန်း ကတန်းထလိုက်တာကြောင့် ထမင်းတောင်သီးလို့သွားတော့ Jungkook က ရေခွက်လေးကို အနားကိုတိုးပေးပြီး သောက်စေသည်..Taehyung လည်းတဖက်သို့လှည့်ကာရေသောက်ပြီးမှ တဖက်ပြန်လှည့်ကာ နှုတ်ဆက်ရတော့သည်..

လူတွေအများကြီးရှိပေမယ့် Taehyung တို့ဝိုင်းနားမှာသာမက်တပ်ရပ်နေပြီး Taehyung ကိုသာကြည့်ပြီးမေးလိုက်တဲ့ CEO

" စားရတာအဆင်ပြေလား "

" ဗျာ ဟုတ်ကဲ့ ပြေပါတယ် CEO "

Jungkook မေးရတဲ့အကြောင်းအရင်းက Taehyung နဲ့အခြားအလုပ်သမားစကားပြောနေကြတာကိုကြားထားတာမို့ သူတို့ကျွေးတဲ့ထမင်းကိုအများကြီးစားတဲ့ Taehyung ကိုသာတမင်အရေးတယူမေးလိုက်ခြင်းဖြစ်သည်..

" လိုအပ်တာရှိလား "

" ဟင့်အင်း မရှိပါဘူး "

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now