Daeyoung အမေက ချည်ထိုးတာကို ရပ်ပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေစစ်ရင်း ပြောတယ်။
"သား အမေဈေးခနသွားချင်တယ် အိမ်စောင့်ေပးမယ်မို့လား"
"အာ ရတာပေါ့ ကျွန်တော်မျိုး သေချာစောင့်ရှောက်ထားလိုက်ပါမယ်ဗျ"
Rikuက ပြုံးပြုံးလေးနဲ့ ရွတ်နောက်နောက်လေး ဖြေတော့ Daeyoung အမေက Rikuခေါင်းလေးကိုပုတ်ပြီး ထွက်သွားတယ်။
Rikuက ထမင်းစားပွဲပေါ်က ပြင်ထားပြီးသား မနက်စာကို စားလိုက်တယ်။ပြီးတော့ စာအုပ်စင်ပေါ်မှာ ထောင်ထားတဲ့ ဓာတ်ပုံဘောင်တွေကို လိုက်ကြည့်လိုက်တယ်။Kim Daeyoung ပိစိလေးတွေ။အမေဖြစ်သူနဲ့ ပြုံးရယ်နေတဲ့ ဓာတ်ပုံတွေ မိသားစုသုံးယောက်ပုံတွေ။တစ်ခါတစ်လေတော့ Kim မျိုးရိုးကို မနာလိုတယ်။အမေရော အဖေရော အဖွားရော အခု ပထွေးရှိတာတောင် ပထွေးရဲ့အချစ်ကိုရောပါရနေတာ ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့လူသားလဲ။
Rikuကတော့ အမေရင်းရှိပါရက် အချစ်မရခဲ့ဘူး။တစ်ဦးတည်းသော ညီမလေးကလဲ အဝေးမှာ။တစ်ယောက်ထဲ အထီးကျန်ပြီးပဲ ကျန်ခဲ့တယ်။ဘယ်လောက်တောင် ဆိုးလိုက်တဲ့ဘဝလဲ။
မနက်၉နာရီလောက်ကျ ဈေးသွားတဲ့ Daeyoung အမေက ပြန်လာပြီ။Kim Daeyoung ကတော့ ပြန်မလာသေးဘူး။
"Daeyoung လေး ပြန်မလာသေးဘူးလား"
"ဟုတ်တယ် အမေ သူဘယ်တွေဝေ့နေလဲမသိဘူး"
Rikuက အမေ့လက်ထဲက ခြင်းတောင်းကို ကူသယ်ပေးပြီး နောက်ကျနေတဲ့ Daeyoung ကို အပြစ်ဆိုလိုက်တယ်။
"သား အမေ့ကို ဟင်းချက်ဖို့ ကူပေးမယ်မို့လား"
"ဒါပေါ့ ဒါပေါ့"
သားအမိမဟုတ်တဲ့ သားအမိနှစ်ယောက်က ဟင်းချက်ဖို့ပြင်ကြတယ်။
"အဲ့ဒီ ခါကျက်ဥကို အတုံးသေးသေးလေးတွေ တုံးပေးနော်
ကြက်သွန်နီကိုလဲ ပါးပါးလေးတွေလှီးပေး""ဟုတ်"
စင်နှီတုံးတွေထုတ်ပြီး အပီအပြင် ပြင်ဆင်နေတဲ့ Riku ကို ကြည့်ပြီး Daeyoung အမေက ရယ်တယ်။
"အမေ ဟိုဓာတ်ပုံတွေက ကိုရီးယားမှာ ရိုက်ထားတာလား"
"ဟုတ်တယ် ဘယ်လိုလဲ မင်းသူငယ်ချင်း ငယ်ငယ်က"
💌 (16)
Start from the beginning