အပိုင်း(22)

Start from the beginning
                                    

"အင်း... ပြောဘာဖြစ်လို့လဲ ထပ်အန်ချင်လို့လား''

"မဟုတ်ပါဘူး သခင်အရမ်းမစိုးရိမ်ပါနဲ့ ခုလို အန်တာ က ကိုယ်ဝန်ကြောင့်အန်တာပါ''

"ကိုယ်ဝန်ကြောင့် အန်တာ..ဟုတ်လား''

"ဟုတ်တယ်  ကိုယ်ဝန်ဆောင်နိုင်တဲ့လူတိုင်း အန်ကြတာပဲ ဒါက ဓမ္မတာ ပါအဲ့တာကြောင့် စိတ်မပူပါနဲ့ လို့ ပြောတာ''

"အင်းပါ....ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဆေးဆရာနဲ့ပြလိုက်တာ ပိုကောင်းတာပေါ့''

"အင်းပါ...သခင့်သဘောအတိုင်းပါပဲ''

သူ့စိတ်တိုင်းကျသာလုပ်ခွင့်ပေးလိုက်သည်။.မဟုတ်ရင် သူစိုးရိမ်ပြီး စိတ်ပူပန်နေရတာကို မြင်ရတာ မိုရာ့အတွက်လဲ မသက်သာလှပေ။အခုလဲ အဆောင်ဝကို တမျှော်မျှော်နဲ့ကြည့်နေတဲ့ခါရူးကိုကြည့်ပြီး မိုရာ့ နည်းနည်းလေး ဆူနေတဲ့ ဗိုက်ကလေးကို အသာအယာထိတွေ့ပြီး

"ကလေးလေး...မင်းရဲ့ဖခင်က မင်းနဲ့အမေ့ကို အရမ်းချစ်တာအဲ့တာကြောင့် ကလေးလေးမွေးလာရင်လဲ ကလေးလေးက ဖခင်ကို ချစ်ပေးရမယ်နော်''

ခနနေတော့ ဆေးဆရာ.ရောက်လာပြီး မိုရာ့ ကိုစမ်းသပ်ပေးသည်။.မိုရာ ထင်တဲ့အတိုင်းပါပဲ ကိုယ်ဝန် ကြောင့် အန်တာဖြစ်နေသည်။

" ဘယ်လိုလဲ ဆေးဆရာ သခင်မက ဘာလို့ အန်ရတာလဲ မနေ့ကအထိ အကောင်းကြီးကို''

"အရမ်းမစိုးရိမ်ပါနဲ့သခင်...သခင်မက ကိုယ်ဝန်ကြောင့် အန်တာပါ ဖြစ်လေ့ဖြစ်ထရှိနဲ့ ဓမ္မတာပါ''

"မအန်အောင်..လုပ်လို့မရဘူးလား ဆေးတွေဘာတွေမရှိဘူးလား''

"သခင်...''

"ဗျာ...''

ခါရူးပြောလိုက်တဲ့စကားကိူကြားပြီး မိုရာကလဲ ဝင်တားလိုက်သလို ဆေးဆရာကလဲ မျက်လုံးလေးပြူးကြောင်ပြီးကြည့်နေသည်။

"အဲ့လိုဆေးတော့ မရှိပါဘူး သခင်''

"မင်းက ဆေးဆရာ ပဲလေ မင်းမှာဆေးရှိရမှာပေါ့''

ဆေးဆရာလဲ ကြောင်ဆောင်တောင်ဖြစ်နေပြီ။.ဟုတ်တယ်လေ ကလေး မွေးနိုင်တဲ့လူတိုင်းဒီဝေဒနာကို ခံစားရကြတာကြီးပဲ ပြီးတော့ ဟိုးအရင်ကျော်ကြားတဲ့ဆေးဆရာတွေတောင် ကိုယ်ဝန်ကြောင့်အန်တာကို ပျောက်တဲ့ဆေး မဖော်စပ်နိုင်တာကို သခင်က ခုလိူကြီးမေးတော​့ ဆေးဆရာ.သေချင်စိတ်တောင်ပေါက်သွားသည်။.သခင်ရေ သခင်သာဆေးဆရာလုပ်လိုက်ပါတော့လိူ့ ပြောချင်ပေမဲ့လဲ မျိုးနွယ်စုခေါင်းဆောင်ဆိုတော့ မ​ပြောရဲ။.တော်ကြာပြောလိုက်မှ အပြစ်ပေးခံနေရဦးမည်။


ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now