ဘဘကိုသောင်းကျော်တို့က အိမ်မကြီးဆီပြန်ရွှေ့လာမည်။ဒါနဲ့ပဲ ဖေဖေက စည်ပင်လမ်းအိမ်ကိုပြောင်းရွှေ့ဖို့စီစဉ်တော့တာ။ရုံကလည်း ကိုးတန်းကျရင်ပြောင်းရမယ့် အထကကျောင်းက အဲ့ဒီအိမ်နဲ့ကျတော့ ပိုနီးတာကိုး။ခင်းကိုပါ ရုံနဲ့အတူ ကျောင်းပြောင်းပေးဖို့လုပ်ထားတာမို့  အစစအဆင်ပြေတယ်လေ။

ကြီးကြီးတို့ ဘဘတို့က လုံးဝခွင့်မပြုချင်။

" မင်းတို့ပြောင်းချင်ပြောင်း... ကလေးတွေက တသက်လုံးငါတို့လက်ထဲကြီးလာတာ... ခုချိန်မှ ခွဲမထည့်နိုင်ဘူး... ကလေးနှစ်ယောက် ငါတို့နဲ့ထားခဲ့"

လေသံမာမာနဲ့ဆိုသေးသည်။ဘိုးဘိုးကြီးက ...

'' သူတို့လည်း သူတို့မိသားစုသီးသန့်နေရတဲ့အချိန်ရှိရဦးမှာပေါ့  ဒီလောက်နှစ်အကြာကြီးနင်တို့နဲ့အတူနေပေးပြီးပြီပဲ ... ကောင်းကောင်းမွန်မွန်အိမ်တစ်လုံးလည်း ကောင်းကျော်ဦးမှာပိုင်နေတာ ... သွားနေကြပါစေပေါ့ ... အမလေးဗျာ နိုင်ငံရပ်ခြား ပြောင်းနေကြမှာကျလို့ မြို့ဟိုဘက်ဒီဘက်ရွှေ့တာများ အဖြစ်ကိုသဲကြတယ်  ခင်ဗျားတို့ကလေးတွေလွမ်းရင်ပြေးကြည့်ဗျာ ... နာရီဝက်မကြာဘူး ''

ဝင်ဆူမှပဲ ပြောင်းခွင့်ရတော့သည်။ဒါတောင် ..

" တစ်ပတ်တစ်ခါပိတ်ရက်ကျ ကလေးတွေညလာအိပ်ခိုင်း... နွေရာသီကျ ဒီမှာပဲလာနေကြနော်...ကလေးတို့... "

မျက်ရည်တစမ်းစမ်းနဲ့အလွမ်းသယ်မဆုံးပေ။

စည်ပင်လမ်းခြံက ဖေဖေဝယ်ထားတာ လူပျိုဘဝကတည်းကတဲ့။အထဲကအိမ်ကိုတော့ ဖြည်းဖြည်းချင်းငွေစုပြီး အိမ်တစ်လုံးအကောင်အထည်ပေါ်လာအောင် ဆောက်ခဲ့ရတာတဲ့။အိမ်ထောင်ကျတဲ့ အချိန်မှာ ဖေဖေအိမ်ကလေးက ပြည့်စုံပြီးစီးနေခဲ့ပြီ။ဒါပေမယ့် ရုံ့မေမေက နှလုံးရောဂါသည် ဘိုးဘိုးကြီးနဲ့ ကြီးကြီးတို့က မျက်စိအောက်ကအပျောက်မခံနိုင်တာမို့ ဇနီးနဲ့အစ်မကြီးတွေကိုငဲ့ညှာကာ ဘိုးဘိုးကြီးတို့အိမ်မှာလိုက်နေပေးခဲ့တာ။

ဒီအိမ်ကိုပြောင်းရွှေ့လာတဲ့ ပထမဆုံးနေ့။ခင်းကို ပစ္စည်းတွေအရွှေ့အပြောင်းလုပ်နေတုန်း ရှုပ်နေမှာစိုးလို့ ခေါ်မလာသေး။ဘဘတို့နဲ့ပဲကျန်ခဲ့သည်။အားလုံးနေရာတကျခင်းကျင်းထားသိုပြီးမှပဲ လိုက်လာဖို့ ဖေဖေက ရန်နိုင်တိုက်ခန်းမှာထားခဲ့တာ။

အဦးဆုံး...တစ်ယောက်ထဲသောWhere stories live. Discover now