မိုးဖွဲ​လေးများသာရွာ​တော့သည့် ရာသီဥတုနှင့်အတူ ​နွေဦးရာသီထဲ တဖြည်းဖြည်းဝင်လာခဲ့သည်။ နန်းဝူမြို့၏အပူချိန်ဒီဂရီမှာ သိသိသာသာတိုးမြင့်လာသည်နှင့်အမျှ ​​ဆောင်းရာသီ၏အ​အေးဓါတ်များ လွင့်ပျယ်​ပျောက်ကွယ်သွားကာ လမ်းတစ်​လျှောက်ရှိ ကိုင်းခက်သစ်ပင်တို့တွင်လည်း ရွက်နုများဝေဆာလာခဲ့သည်။

ဝိန်းရိဖန်သည် အခု​လေးတင် တည်းဖြတ်ခန်းထဲမှထွက်လာပြီး ရုံးခန်းထဲဝင်ကာ ကွန်ပြူတာကိုဖွင့်လျှင်ဖွင့်လိုက်ချင်းပင် စုထျန်းက စကား​ပြောရန်အနားသို့​ရောက်လာခဲ့သည်။

"​အေ့ ၊ ငါကြားလာတာ ​ခွေး​ပေါက်​လေးက အလုပ်ထွက်စာတင်ထားတယ်တဲ့"

ဝိန်းရိဖန်က စကား​ပြော​​နေရာဘက်သို့ လှည့်ကြည့်လိုက်သည်။

စုထျန်းက ဆက်၍ ;

"ငါ သာ့ကျွမ့်ဆီက​နေ ကြားရသ​လောက်က​တော့ ဒီအလုပ်ကို ဆက်ကိုမလုပ်​တော့တာတဲ့ ၊ သူ သတင်း​ထောက်အလုပ်ကို အစတည်းက ဝါသနာမပါဘူး ၊ သရုပ်​​ဆောင်ဘက်ကို ပိုအားသာတယ်လို့​ပြောတယ် ၊ ပြီး​တော့ ရုပ်ရှင်အင်တာတိမ်းမန့်တစ်ခုက သူ့ကို စာချုပ်ချုပ်ဖို့ကမ်းလှမ်းထားတာမလို့ အလုပ်ထွက်မှာနဲ့ကွက်တိပဲတဲ့"

ဝိန်းရိဖန်က အသံတစ်ချက်ပြုရင်း ;

"​ကောင်းပါတယ် ၊ ကိုယ်သ​ဘောကျတဲ့အလုပ်ကို လုပ်နိုင်တာ​ပေါ့"

"တကယ်ပဲမိုက်လိုက်တာ ၊ သရုပ်​ဆောင်အလုပ်က ပိုက်ဆံအများကြီးဝင်တယ်မလား"

စုထျန်းက ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်၍ ;

"နင်​ပြောကြည့် ​နောက်ဆိုရင် သူ နာမည်ကြီးလာ​တော့မှာမလား ၊ ငါတို့ သူ့ဆီက​နေ လက်မှတ်​တောင်းထားကြရင်​ရော ၊ ပြောမရရင် ​နောက်ဆို ​ပြန်ရောင်းစားလို့ရရင်ရမှာ"

ဝိန်းရိဖန်က ရယ်​နေရင်း ;

"ရတယ်​လေ"

အချိန်ကိုက်ဆိုသလို ဖုန်းတုန်ခါသံမြည်လာခဲ့သည်။

ဝိန်းရိဖန်က အကြည့်လွှဲရင်း ဖုန်းကို​ကောက်ယူဖွင့်ကြည့်လိုက်လျှင် စာပို့လာသူမှာ စန်းရန်။

First Frost [ ဘာသာပြန် ]Where stories live. Discover now