🍂

94 7 0
                                    

ငါတို့စတွေ့တဲ့နေ့မှာမင်းကငါရဲ့တန်ဖိုးရှိတဲ့သူဖြစ်လာမယ်လို့မတွေးခဲ့မိဘူး
ငါမင်းကိုမမုန်းသလို မင်းကိုလဲမချစ်ခဲ့ဘူး
ငါတို့သူငယ်ချင်းတွေဖြစ်နိုင်မယ်လို့မျှော်လင့်ခဲ့တယ်
အခုငါမင်းနဲ့သူငယ်ချင်းမဖြစ်ချင်တော့ဘူး
ငါတို့တွေစကားတွေပြောတယ်
အချိန်တိုင်းငါတို့အတူတူရှိခဲ့ကြတယ်
နောက်ပိုင်းရလဒ်ကတော့ငါမင်းကိုနည်းနည်းလေးသဘောကျလာတယ်
တကယ်ကိုနည်းနည်းလေးပဲ

>~>~>~>~>~>~>~>~

ငါတို့တွေအလုပ်ကိုယ်စီနဲ့မအားပေမဲ့လဲအကြောင့်ပြချက်အမျိုးမျိုးနဲ့မင်းစီရောက်ရောက်လာချင်တယ်
ဒါကမိုက်မဲတာငါသိတယ် မင်းလည်းငါအပေါ်ခံစားချက်တွေရှိနေမလားလို့ငါမျှော်လင့်မိပါသေးတယ်
ငါရှေ့ဆက်မတိုးချင်ဘူး မဟုတ်ဘူး ရှေ့ဆက်မတိုးရဲတော့တာ
ငါမင်းအပေါ်မရိုးသားတဲ့ခံစားချက်တွေရှိနေတာသိသွားရင် မုန်းသွားမလားပဲနော်
ငါပိုပြီးသတ္တိရှိချင်တယ်
ငါအားမွေးပြီးမင်းကိုပြောချင်ပေမဲ့ ငါခေါင်းထဲမှာ*ငါတို့ကသူငယ်ချင်းပဲ*ဆိုတဲ့အတွေးကသံမှိုစွဲကပ်နေတယ်
*သူငယ်ချင်း*
အဲ့သူငယ်ချင်းဆိုတဲ့စည်းကြီးကိုဖြတ်ပစ်ချင်လိုက်တာ Doyoung ရယ်
ငါပိုပြီးသတ္တိရှိအောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်တယ်
မင်းကိုငါစသလိုနဲ့ပိုးပန်းတဲ့အချိန်တိုင်းမင်းရှက်သွားတာလေးကိုသဘောကျတယ်

*မင်းအရမ်းချစ်ဖို့ကောင်းလွန်းတယ်"

>~>~>~>~>~>~>~>~

တစ်နေ့ငါတို့ဘောလုံးကွင်းထဲထိုင်နေရင်း အလောင်းအစားလုပ်တာကိုမှတ်မိသေးလား
"Doyoung ငါတို့အပြေးပြိုင်ကြမလား"
"အနိုင်အရှုံးဘာနဲ့သတ်မှတ်မှာလဲ"
"အင်း မင်းနိုင်ရင်ငါမင်းခိုင်းတာမှန်သမျှလုပ်ပေးမယ်"
"ငါရှုံးရင်ရော?"
မင်းကအဲ့လိုမေးလာတော့ငါအလိုချင်ဆုံးအရာကိုပဲတောင်းမိတာပေါ့
"မင်းငါနမ်းတာကိုခံရမယ်"
မင်းမျက်နှာလေးတွေသိသိသာသာရဲတက်သွားတာကိုမြင်ရတော့ငါအလိုလိုပြုံးမိပြန်ပါသေးတယ်
ဒါပေမဲ့ငါမင်းနဲ့အချိန်အများကြီးအတူရှိချင်သေးတာမို့ မင်းကိုနေရခက်အောင်မလုပ်ခဲ့ပါဘူး
မင်းကဘယ်အချိန်ပဲဖြစ်ဖြစ် ငါ့အတွက်ဘုရင်တစ်ပါးဖြစ်နေခဲ့ပါတယ် ငါမင်းရဲ့အစေခံပေါ့

[NCT]ONE SHORTS(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠✧⁠*°Where stories live. Discover now