Part - 19 ( Uni )

Start from the beginning
                                    

" အဲတော့ တစ်နေကုန်ဘာမှလဲမစားဘဲ အခန်းအောင်းနေတာပေါ့။ အခြား ဘာတွေပြောသေးလဲ "

" ဘာမှတော့မပြောဘူးဆရာ "

" ဟုတ်ပြီ ကျွန်တော်သွားကြည့်လိုက်မှာမို့ ဒေါ်အေးလှတို့ အလုပ်ပြီးရင်နားလိုက်တော့ "

" ဟုတ်ကဲ့ဆရာ "

လင်းမြတ်လည်း သက်လုံးပုံအခန်းဆီသွားလိုက်ပြီး အခန်းတံခါးကိုခေါက်လိုက်သည်။

" ဒေါက်! ဒေါက်! ဒေါက်! "

" လုံးလုံး ကိုယ့်ကိုအခန်းတံခါးခဏလောက်ဖွင့်ပေးလို့ရမလား"

တံခါးကိုခေါက်ရင်းအသံပြုလိုက်ပေမည့် အခန်းတွင်းဘာလှုပ်ှုရှားမှု ဘာအသံမှမကြားရချေ။

" ဒေါက်! ဒေါက်! ဒေါက်! လုံးလုံး ကိုယ်ပြောတာကြားလား "

နောက်တစ်ကြိမ်အသံပြုရင်း ခဏလောက်စောင့်နေမိသည်။ အခန်းတွင်းမှာတော့ငြိမ်သက်နေဆဲဖြစ်၏။

" ဒေါက်! ဒေါက်! ဒေါက်! လုံးလုံး မင်းတံခါးလာမဖွင့်ရင် ကိုယ်ဖွင့်ပြီးဝင်လာပြီနော် "

ပြောပြီးတာနဲ့ အခန်းတံခါးကိုဆွဲဖွင့်ကာ ဝင်သွားလိုက်သည်။အခန်းထဲဝင်လိုက်တာနှင့် ကုတင်ပေါ်ခွေခေါက်ကာအိပ်နေသောကောင်လေးကိုတွေ့လိုက်ရ၏။ ကုတင်အနီးမှာရပ်လိုက်ရင်း

" လုံးလုံုး တစ်နေကုန်ဘာမှမစားဘဲအိပ်နေတာလား "

ကိုယ်ကမေးလိုက်ပေမည့် ထိုကလေးကတော့ငြိမ်သက်နေသေး၏။ အိပ်နေသည့်ပုံစံကိုမသင်္ကာတာကြောင့် အနားတိုးသွားရင်း ထိုကောင်လေး၏ လက်မောင်းသားကိုကိုင်ကြည့်လိုက်သည့်အခါ ပူလောင်နေသည့်အထိအတွေ့ကိုခံစားလိုက်ရ၏။

" နေမကောင်းဖြစ်နေတာလား "

ကိုယ့်ဘာသာရေရွတ်လိုက်ရင်း နှဖူးဆီစမ်းကြည့်လိုက်သည့်အခါ တကယ်ပင်ချစ်ချစ်တောက်ပူလောင်နေလေတော့သည်။ ချက်ချင်းပဲစိုးရိမ်စိတ်တို့ဖြစ်တည် လာရပြီး ထိုကောင်လေးကိုပက်လက်ဆွဲလှန်လိုက် မိတော့၏ ။ အပူကြီးပြီးချွေးတွေစိုရွှဲနေသည့်ကောင်လေးကို အကျႌအရင်လဲပေးဖို့သတိရပြီး အဝတ် အစားအသစ်အမြန်လဲပေးရ၏။ တစ်ဆက်တည်း မိသားစုဆရာဝန်ကိုပင် အားနာနာနဲ့လှမ်းနှိုးကာ အိမ်ကိုပင့်ရပြန်သည်။ဆရာဝန်မလာခင်စပ်ကြား ရေခဲရေဖြင့်စိမ် ထားသည်တဘက်လေးဖြင့် သူ့နဖူးဆီရေခဲဝတ်ကပ်
ပေးနေမိပြန်၏။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now