"ခင်ဗျား ..ကျွန်တော် စိတ်ဆိုးနေတယ် ထင်လို့လား "

ဂျောင်ကု ကွတ်ကီးကို စားနေရင်းနဲ့ မေးလိုက်တော့ ထိုသူက လှမ်းကြည့်လာပေမယ့် ဘာမှပြောမလာဘူး ။ ကျွန်တော် မသိမသာ ပြုံးလိုက်မိတယ် ။ ကင်မ်နမ်ဂျွန်က သူ့ကို စိတ်ဆိုးနေတယ်လို့ထင်တိုင်း ဘာဆို ဘာမှမပြောပဲ ငယ်ငယ်က ကြိုက်တယ်ပြောဖူးတဲ့ ကွတ်ကီးဆိုင်က ကွက်ကီးတွေကိုသာ ဝယ်ချလာတတ်၏ ။တစ်ခုခုကိုဆို အမြဲတမ်း မပြောင်းလဲပဲ ပုံသေမှတ်ထားတတ်တဲ့ ကင်မ်နမ်ဂျွန်က ကိုယ်အပေါ်ကြမှ ဘာလို့ပြောင်းလဲလာလဲ မပြောတတ်ဘူး ။ အဲ့တာကြောင့်မို့ ထိုသူပြောတဲ့ ချစ်တယ်ဆိုတာကို မယုံရဲတာလည်း ဖြစ်လောက်မယ် ။

"အလုပ်ဝင်ဖို့ ကိုယ် သူဌေးကိုပြောထားပေးတယ် ဒါပေမယ့် ကလေးကို နောက်ထပ် ပြောအုံးမယ်ထင်တယ် "

"ရတယ် ..ကျွန်တော် အလုပ်ဝင်ဖို့ စဉ်းစားထားတယ် "

ဂျောင်ကုပြောလိုက်တော့ ထိုသူက အံ့ဩစွာ ကြည့်လာ၏ ။

"မထူး အလုပ်မဝင်မချင်း ဒီလိုပဲ ပွားနေအုံးမှာ ပြီးတော့ ကျွန်တော်လည်း ဒီလို အလုပ်မလုပ်ပဲ တစ်သက်လုံးနေသွားလို့မှမရတာလေ ..နောက်ပြီး ဘိုးတော်က ကျွန်တော်အလုပ်မဝင်မချင်း ခင်ဗျားကို ပွားနေအုံးမှာ ..ကျွန်တော့်ကို ခင်ဗျားမွေးထားတာလိုပဲ ကျွန်တော့်ကိစ္စမှန်သမျှ ခင်ဗျားခေါင်းပေါ်ပုံနေကြအုံးမှာပဲ အိမ်က "

ဂျောင်ကုပြောလိုက်တော့ နမ်ဂျွန်က နားထောင်ရင်း ခေါင်းငြိမ့်ပြလာ၏ ။ကင်မ်နမ်ဂျွန်က စိတ်ဝင်တစား နားထောင်နေတာကြောင့် ကျွန်တော် ခါးကိုမတ်လိုက်ကာ ထိုသူကို ကြည့်လိုက်ပြီး

"ဒါပေမယ့် တစ်ခုတော့ရှိတယ် ကျွန်တော် အောက်ခြေက ဝင်မလုပ်နိုင်ဘူး .."

"အဲ့တာ ရတယ် ..မထူး ကလေးကို အလုပ်ဝင်ခိုင်းလည်း မန်နေဂျာ လောက်ကနေ စ,လုပ်ခိုင်းမှာပါ စိတ်မပူနဲ့ "

"မဟုတ်ဘူး ...ကျွန်တော် ခင်ဗျားရဲ့ လက်ထောက်နေရာကနေ ဖြစ်ဖြစ်ပဲ လုပ်ချင်တယ် စစချင်းတော့ "

"ကလေး အဲ့တာကတော့ ..မဖြစ်နိုင်ဘူးထင်တယ် "

ကျွန်တော့်ကိုကြည့်ပြီး အတွန့်တက်လာတဲ့ ကင်မ်နမ်ဂျွန်းကြောင့် ကျွတ်သပ်လိုက်ကာ

Cherish Where stories live. Discover now