"ဟုတ်လား နောက်ကြုံမှပေါ့"

ဂယူဗင်းအောင့်သက်သက်နဲ့ပြန်ဖြေလိုက်ရသည်။တွဲသမျှမိန်းကလေးတိုင်းက ဒီတိုင်းအပျော်သဘောဘဲမို့ဘယ်သူမိဘတွေနဲ့မှသူမသိချင်။သိပြီးသွားရင်လည်းဘာလုပ်မှာလဲ။အချိန်တန်ရင်သူနဲ့ပြတ်မှာဘဲဟာအာရုံနောက်တာဘဲရှိမယ်။

ခုလည်းဒီတစ်ယောက်ကအဆင်ပြေမယ်ထင်လို့၃လလောက်ဆက်တွဲနေတာ ကြည့်ရသလောက်ဆို အဲ့လိုဇယားရှုပ်လာရင်ဖြတ်မှရမယ်ထင်တယ်။သူ့ဘ၀မှာလက်ထပ်ချင်လောက်တဲ့ထိသဘောကျတဲ့မိန်းကလေးမျိုးမရှိဘူး။

"အော် ဒါပေမယ့်လေ မောင်လေးတော့ရှိတယ်သိလား  ခဏလေးမောင်နဲ့‌မိတ်ဆက်ပေးမယ် "

သူမကပြောပြီးဂယူဗင်းရှေ့ကခဏထွက်သွားတယ်။စိတ်ညစ်တာဘဲ။မိဘတွေမရှိလို့ တော်သေးတယ်ထင်တာ ဘယ်ကဘယ်လိုမောင်ဆိုတဲ့တစ်ယောက်ကပေါ်လာမှန်းမသိပြန်ဘူး။

"ချွမ်းရွေ့ဒါကလေ ကင်ဂယူဗင်းတဲ့...မမရဲ့ချစ်သူ"

ဂယူဗင်းရှေ့ကိုပြန်ရောက်လာတဲ့သူမက ဆံပင်အဝါရောင်နဲ့အနောက်တိုင်း၀တ်စုံ၀တ်ထားတဲ့လူတစ်ယောက်ကိုပါ လက်ကဆွဲခေါ်လာတယ်။

"မောင် ဒါကလေရှန်ချွမ်းရွေ့တဲ့ ကျန်းယွီရဲ့မောင်လေးလေ "

သူနဲ့အသက်အရွယ်တူပုံရတဲ့ ချွမ်းရွေ့ဆိုတဲ့တစ်ယောက်ကဂယူဗင်းကို သူ့ရဲ့မျက်၀န်းတောက်တောက်တွေနဲ့ သေချာငေးစိုက်ကြည့်လာတယ်။

"ကိုယ့်နာမည်က ဂယူဗင်းပါတွေ့ရတာ၀မ်းသာပါတယ်"

ဂယူဗင်းကအရင်ပြန်မိတ်ဆက်ပြီးလက်ဆွဲနှုတ်ဆက်ဖို့ရှေ့ကိုကမ်းပေးလိုက်တော့ ချွမ်းရွေ့ကသူ့လက်ကိုပြန်ကမ်းပေးပြီးနှုတ်ဆက်တယ်။

"တွေ့ရတာ၀မ်းသာပါတယ် ငါကချွမ်းရွေ့ပါ"

ချွမ်းရွေ့ရဲ့ကိုရီးယားစကားပြောပုံလေယူလေသိမ်းက မမကျန်းယွီနဲ့လိုမျိုးပီပီသသမထွက်ဘဲ စကားသံဝဲ၀ဲလေးနဲ့တစ်မျိုးလေးဖြစ်နေတယ်။

"ချွမ်းရွေ့က ငယ်ငယ်ထဲကLAမှာအဒေါ်နဲ့သွားနေတာလေ ပါးနဲ့မားကအတင်းလှမ်းခေါ်လို့ခုမှကိုရီးယားကိုပြန်ရောက်လာတာ"

TROUBLE MAKERWhere stories live. Discover now