#Unicode
Fay တစ်ယောက် ဒေါသတွေထိန်းမထားနိုင်တဲ့အထိ
"ကိုကို နင်ဟာလေ ကိုယ့်ကိုကိုယ်ကျောင်းသားပဲရှိသေးတယ်ဆိုတာမေ့ပြီလား နင်ရူးနေလား ဟင် ဒီလိုမျိုးသွားတာမကောင်းဘူးဆိုတာရောသိလား"
"ဟာ ငါကရောဘာလုပ်နေလို့လဲ ပြောချင်ရာပဲဇွတ်ပြောနေတယ်"
"မဟုတ်လို့လား နင်စဥ်းစားကြည့်လေ သူများတွေမြင်ရင်ဘယ်လိုထင်သွားမလဲ"
"တော်တော့ကွာ သူ့အမေလာလို့ငါသွားပို့ပေးတာပဲရှိတာတခြားမဟုတ်တာဘာမလုပ်ခဲ့ဘူး မယုံလဲငါ့ကိုမင်းစိတ်ထင်ရာတွေနဲ့မနှိုင်းနဲ့"
"သေချာလား သူ့အမေကိုလိုက်ပို့တယ်ဆိုတာ"
"အေး"
"ပြီးရောလေ ဒါဆိုလဲ ဟဲ့ ငါကစေသနာနဲ့နော်ပြောတာ ဆရာလုပ်တယ်ထင်ရင်လဲမတတ်နိုင်ဘူး"
"သိတယ် သိတယ် ဆရာမကြီး ဒါပဲမလားကျောင်းသွားတော့မယ် "
"ငါ့ကိုမစောင့်ဘူးပေါ့လေ"
"ခါတိုင်းလဲမစောင့်ဘူးလေ စောင့်ရမှာလား"
"ကိုကိုနင်နော်"
Fay မျက်စောင်းတစ်ချက်ထိုးပစ်လိုက်မှ
"ကဲ ကဲ လာပါဗျာ ကြွပါ"
ဒီတော့မှ မချိုပြုံးလေးတစ်ချက်ပြုံးကာလိုက်ခဲ့လေသည် ညီအကိုအရင်းသာမဟုတ်ကြတာတစ်ယောက်ကိုတစ်ယောက်ဂရုစိုက်တာတော့အမှန်
ကျောင်းပေါက်၀ရောက်လာတော့
"ကိုကို နင်နေ့လည်ကျရင်ငါ့ကိုပြန်လာမကြိုနဲ့တော့"
"ဘာဖြစ်လို့"
"မပြန်တော့ဘူး စာကြည့်တိုက်မှာပဲနေထားမလို့"
"အင်းပါ ဟုတ်ပြီ သွားတော့အခန်းကို"
"နင်ကရော သွားတော့လေ ဘာရပ်လုပ်နေတာ"
"ငါ့သူငယ်ချင်းကိုစောင့်ရဦးမယ်"
"ပြီးရော"
Fay သွားတော့ Henry ကျောင်းပေါက်၀ဘေးကခုံတွင်ထိုင်ပြီးစောင့်နေသည်
"Henry စောင့်ရတာကြာသွားပြီလား သားရီး"
"အေး မင်းကလဲ ဒီနေ့မလာတော့ဘူးတောင်ထင်သွားတယ်"