Part 1

249 11 0
                                    

#Unicode

မိုးရာသီမဟုတ်ပဲမိုးတွေအုံ့နေသည်Henry တစ်ယောက် အိပ်ရန်ပြင်နေပေမဲ့အရမ်းအေးလွန်းတာကြောင့်ပူသွားအောင် အရက်၂ခွက်နှင့်ဘီယာ၃ဗူးသောက်လိုက်သည်

"သားရေ Henry "

အမေ့အသံဖြစ်သည် အပြင်ကပြန်လာတာဖြစ်ပြီးသူ့ကိုခေါ်နေသည်

"ဗျာ အမေ"

"အမေပြန်ရောက်ပြီ တံခါးလာဖွင့်ပေးဦး"

"ဟုတ်ကဲ့"

သူတံခါးသွားဖွင့်ပေးတော့ အမေကအမြန်လေးအထဲသို့၀င်လာပြီး

"အမလေး အေးလိုက်တာ သားရယ်အငယ်ရောရောင်ပြီလား"

"မရောက်သေးဘူးလေ ဘာလို့လဲ"

"ဖုန်းဆက်ဦးလေ ညပြန်လာမှာလားမပြန်လာဘူးလားလို့"

"ဟုတ်"

'ချွင်🎵'

ပြောရင်းဆိုရင်း' ချွင်´ဆိုသောအသံနှင့်အတူ message တစ်စောင်ကျလာသည်

'မနက်မှပြန်လာတော့မယ် တီလေးကိုပြောပေးဦး´

"အမေ Fay ကမနက်မှပြန်လာတော့မယ်တဲ့ သားကိုစာပို့လာတယ်"

"ဟုတ်လား အေးပါကွယ် ပြန်မလာဘူးဆိုတော့လည်း သားလဲသွားအိပ်ချေတော့"

"အမေ စားပြီးခဲ့ပြီလား"

"အမေအပြင်မှာစားခဲ့ပြီသားရေ ရေချိုးပြီးနားတော့မယ် သွားအိပ်တော့နော်"

"ဟုတ် ဟုတ်"

"နေဦး အမေအရက်နံ့ရသလိုပဲ သောက်ထားတာလား  "

"ဟီး..နည်းနည်းပါအမေရယ် အရမ်းအေးတာနဲ့အချမ်းပြေနည်းနည်းလေးသောက်ထားတာ"

"ဟင်းနော် ငါမပြောလိုက်ချင်ဘူး  အမေမကြိုက်ဘူးဆိုတာလည်းသိရဲ့သားနဲ့"

"အမေကလည်း သားနေ့တိုင်းမသောက်ပါဘူး ဒီနေ့ကအရမ်းအေးလို့ပါ ပြီးတော့နည်းနည်းလေးပဲသောက်ထားတာ"

"နောက်မသောက်နဲ့အရမ်းအေးနေရင်လဲစောင်ခြုံထဲနေ ကြားလား"

"ဟုတ် အမေ"

"သားညီလေးအခန်းထဲလဲသွားကြည့်လိုက်ဦး ပြတင်းတံခါးတွေသေချာပိတ်ထားရဲ့လားလို့"

Essay🔞Where stories live. Discover now