"ဒါ​ပေမယ့်လည်း ဒီဟာ​တွေက နင့်အလုပ်မှာမဖြစ်မ​နေ​​ပေးရမယ့်ဝန်​ဆောင်မှု​လေ ၊ ငါ နင့်ကို ​ရွေးပြီးသွားရင်​တော့ နင် ဒါမျိုး​တွေလုပ်စရာမလို​တော့ဘူး​နော်"

"ဝိန်းရွှမ်းကျန့် ၊ အရက်မူးလာရင် သူများကို​ ပေါက်ကရ​​တွေစွပ်စွဲလို့ရတယ်လို့ ဘယ်သူကများသင်​ပေးထားတာလဲ"

စန်းရန်က ဝိန်းရိဖန်၏လက်အား အားပါပါဖြင့်လှုပ်လိုက်၍ ;

"ဒီ​နေ့ စားပွဲဝိုင်းမှာထိုင်​နေကြတဲ့သူ​တွေအားလုံးက ​ယောက်ျား​တွေချည်းပဲ​လေ ၊ ကိုယ် ဘယ်သူ့ကိုရယ်ပြ​နေလို့လဲ"

ဝိန်းရိဖန်က ​ခေါင်းရမ်းပြ၏။

"ဒီ​နေ့ကို​ပြောတာ မဟု​တ်ဘူး"

စန်းရန် ;

"ဒီ​နေ့မဟုတ်ရင် ဘယ်​​နေ့ကို​ပြော​နေတာလဲ"

"ငါ 'Overtime' ကို ပထမဆုံးအကြိမ်​ရောက်တဲ့​နေ့က...."

ဝိန်းရိဖန်က ပြန်​တွေးကြည့်​နေသည့်အလား ဖြည်းဖြည်းချင်းဖြင့် ;

"တစ်ညထဲမှာကို နင် မိန်းက​လေး ​၄​ယောက်ကိုရယ်ပြတာ ၊ ပြီး​တော့ အဆက်အသွယ်လုပ်လို့ရမယ့်ဟာ​​တွေလည်း ​ပေး​သေးတယ်"

"...."

စန်းရန်မှာ ​ဟိုးအရင်ကကိစ္စများအား မမှတ်မိပါ​တော့သည့်တိုင် ထိုကိစ္စမျိုးလုံးဝမလုပ်ခဲ့​ကြောင်းကို​တော့ ​သေချာအာမခံရဲသည်။ ဝိန်းရိဖန်ကို တည့်တည့်စိုက်ကြည့်ပြီး အိတ်ကပ်ထဲမှဖုန်းကို ထုတ်​ပေးလာခဲ့၍ ;

"ကိုယ့်ဘာသာကိုယ် စစ်ကြည့်လိုက်"

ဝိန်းရိဖန် ဖုန်းကိုလှမ်းမယူလိုက်ခင် အ​နောက်ဘက်ဆီမှ ကားတစ်စီးလာသံကြားလိုက်ရသည်။

စန်းရန်က ​ဘေးဘက်သို့လှမ်းကြည့်လိုက်ရာ ခရီးသည်မပါသည့်တက္ကစီအလွတ်တစ်စင်းဖြစ်​နေ၏။ လက်ကိုင်ဖုန်းအား ဝိန်းရိဖန်လက်ထဲသို့ ထည့်​ပေးလိုက်ပြီး​နောက် လက်​မြှောက်ကာ ကားတားလိုက်၏။ ထို့​နောက်တွင် ဝိန်းရိဖန်ကိုဆွဲထူ၍ ရင်ခွင်ထဲထည့်ဖက်ထားရင်း ;

"အိမ်ပြန်​​မယ်​"

ဝိန်းရိဖန်က လက်ထဲ၌ ဖုန်းကိုကိုင်ထားပြီး စန်းရန်အားခေါ်လာဆဲ။

First Frost [ ဘာသာပြန် ]Where stories live. Discover now