"ဟင့်အင်းး မပြေဘူး!မင်းကအားပြင်းလိုက်တာပေါ်တာ"
"ဆောရီးး..ဘယ်နားထိသွားသေးလဲ"
"ဒီနားထိသွားတာ"
"မင်းးး...အရှက်မရှိတဲ့ကောင်!"
စကားအဆုံးတွင်ဟယ်ရီ့မျက်နှာကခရမ်းချဥ်သီးထက်ပိုနီလာသည်။ဒရေကိုကသူ့နှလုံးအမ်ဘယ်ဘက်ခြမ်းကိုထောက်ရင်း ဟယ်ရီ့မျက်နှာထားကိုကြည့်ကာ တအားကိုရယ်မောနေရှာသည်။
ရှက်သွေးဖြာနေသည့််မျက်မှန်နဲ့ကောင်လေးကတော့ ဘာကိုမှသတိမရတော့ဘဲပြေးထွက်သွားပါတော့သည်။
_____________________
စလေသရင်းသွားလမ်းက တခြားနေ့တွေနဲ့မတူ အတော်ရှင်းလင်းနေသည်။မနက်ဖြန်ကွစ်ဒစ်ရှ်ပွဲရှိတာမို့ ကျောင်းသားတွေအားကစားကွင်းထဲရောက်နေကြတာများလားဟု စနိပ်တွေးမိသည်။
"ဟေ့...ဘေးးး"
"ဘာလဲ"
လန့်အောင်စမည်ဟုတွေးထားသော်လည်း ရုပ်တည်သူကြီးကဖြင့် နည်းနည်းမျှတောင်မလှုပ်ပါ။လူစီးရပ်စ်မျက်နှာစူပုပ်သွားသည်။
"ဘာဖြစ်တာလဲမင်းး..ကလေးမဟုတ်ဘူး ငါတို့ကဆရာတွေ!အိဒ္ဒြေရှိရှိနေစမ်း!"
"ငါကမင်းကိုရယ်အောင်စတာကို!"
"တိတ်!...မင်းကတစ်မျိုး၊မင်းသားကတစ်မျိုး"
Sevရဲ့စကားကသားကိုထိသည်မို့ သားများဘာဖြစ်သလဲစိုးရိမ်သွားသည်။
"သား..သားကဘာဖြစ်လို့လဲ"
"လု့စ်!မင်းရဲ့သားဒရေကိုကပုံမှန်မဟုတ်ဘူး..ဒီရက်ပိုင်းသူ့အကျင့်တွေပြောင်းလာသလိုပဲ"
"ဟားဟားဟား"
ထရယ်လိုက်တဲ့လူစီးရပ်စ်ကိုမျက်မှောင်ကြိုတ်ပြီးကြည့်လိုက်သည်။
"ဆောရီးပါSevရာ..ဒရေကိုကပြောင်းလဲတယ်ဆိုလို့ပါ..အင်းးသူလဲအချစ်နဲ့ထိသွားလို့ဖြစ်မှာပေါ့..မင်းနဲ့ငါ့လိုလေ..ဟားဟား"
"ဘာ..ဘာရယ်"
မင်းနဲ့ငါ့လိုလေ ဆိုတာကိုနား နားကပ်ပြောလာသည့်တိုင် စနိပ်နားမလည်ပါ။ဘာလဲ..ဒီကျောင်းကြီးထဲမှာသူဘာတွေလွတ်သွားတာလဲ။