24 ❤

555 67 10
                                    

(Unicode)

"မိုးနင်းမာလ်တယ်"

ဟယ်ရီခေါင်းတချက်ညိမ့်ပြီး မွန်နီ့ခေါ်ရာကိုသာ လိုက်လာတော့သည်။
အတွေးထဲတွင်တော့ ဒရေကိုပြောခဲ့သောစကားများက နေရာယူနေဆဲ...။

ဒုတိယထပ်ယောကျ်ားလေးအိမ်သာပျက်ကြီးမှာ ဝင်လာရုံနဲ့ချောက်ချားဖွယ်ကောင်းနေသည် ။ လူသူအရောက်အပေါက်နည်းသည်မို့ တိတ်ဆိတ်လို့လည်းနေသည်။

"ဟယ်လို......."

စူးရှရှအသံကြောင့် ဟယ်ရီတို့သုံးယောက်သား တုန်တက်သွားသည်။

"မာလ်တယ်!ငါပါ..ဟာမွန်နီ"

"ဟာမွန်နီ..."
အရိပ်အယောင်မမြင်ရသေးဘဲအသံသာကြားနေရသော စူးရှရှအသံကိုနားစွင့်ရင်းဘေးဝဲယာကိုသာ ကြည့်နေမိကြတော့သည်။

ရုတ်တရက်အိမ်သာဘောင်မှထိုင်နေတဲ့ဖြူလွလွအရိပ်ကလေးကိုဟယ်ရီတို့မြင်လိုက်ရသည်။
မိုးနင်းမာလ်တယ်ပဲ။

မျက်မှန်ထူထူနဲ့ဆံပင်နှစ်ဖက်ခွစည်းကာအနည်းငယ်အကျည်းတန်သည်ထင်ရသော်လည်း ချစ်ဖို့တော့ကောင်းသည်။

"မာလ်တယ်..ငါတို့ကိုဟိုစာအုပ်ပေးလို့ရမလား "

"အိုခေ..ဒီမှာ"

မာလ်တယ်က သူ့အိမ်သာခွက်ပေါ်မှာတင်ထားတဲ့ ခပ်နွမ်းနွမ်းစာအုပ်ကို မွန်နီ့ဆီပေးတယ်။

"အဟင်း..ငါ့ဟာငါအိမ်သာမှာထိုင်ငိုနေတုန်း အဲ့ဒီစာအုပ်နဲ့ငါ့ခေါင်းကိုတစ်ယောက်ယောက်ကောက်ပေါက်လိုက်တာ..အဟင့်"

မာလ်တယ်ကအသံစူးစူးနဲ့ အော်ငိုပြီး အိမ်သာခွက်ထဲပြန်ဝင်သွားရှာတယ်။

"မွန်နီ...အဲ့ဒါဘာလဲ?အထဲမှာဘာမှလည်းမရှိဘူး"

"Tom Riddleတဲ့"

စာအုပ်အဖုံးမှာထွင်းထားတဲ့နာမည်တစ်ခုအပြင် အခြားမရှိ။စာအုပ်ထဲမှာလည်းဗလာ။

"ဒီစာအုပ်ကိုဘာဖြစ်လို့...အာ့"

ဟယ်ရီတချက်တွန့်သွားသည်။

"ဘာဖြစ်တာလဲဟယ်ရီ?"

"ငါ့အမာရွတ်..အမာရွတ်ကနာတယ်"

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now