"ကိုယ်ကမင်းကို မကျွေးမွေးထားနိုင်တာလဲ မဟုတ်။ သက်သက်အပြင်ထွက်ပြီး အပြစ်များခံယူနေသလား?"
လီချိန်ရှို့သည် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း
"ငါ အလုပ်လုပ်ဖို့၊ လိုတယ်လေ"
"မင်းဘာတွေများ လိုအပ်နေလို့လဲ။ မင်းငွေလိုရင် ကိုယ်ပေးမှာပေါ့။ ကိုယ်က ကိုယ့်ရဲ့လူကို အမြဲတမ်းရှာမတွေ့ ပဲ ကိုယ့်ထက်အမြဲအလုပ်များနေတာ မကြိုက်ဘူး"
လီချိန်ရှို့သည် ခက်ခဲစွာ သူ့အားကြည့်ရင်း
"ငါ မင်းရဲ့ငွေတွေ မလိုဘူး"
ရှောက်ချွင်သည် အနည်းငယ်မျှ ဒေါသထွက်နေပြီ။
"ဒီလောက် အူအမနေလို့ မရဘူးလား။ မင်းရဲ့အဲ့ပိုက်ဆံလေးလောက်နဲ့တော့ ငါ့အိမ်မှာပဲ အိမ်ဖော်လုပ်ပါလား"
လီချိန်ရှို့ ရပ်တန့်သွားပြီး ဖြေးဖြေးချင်း သူ့ခန္ဓာကိုယ်ကို လှုပ်၍ သူ့ပေါ်မှဆင်းသည်။
ရှောက်ချွင်သည် သူ့ခါးကို တင်းကြပ်စွာ ဆွဲထားရင်း အကြည့်ချင်းဆုံသည်။
လီချိန်ရှို့က သူ့အား ဝေဝါးစွာ ကြည့်နေသည်။
"မနက်ဖြန်ကစ အလုပ်မသွားရဘူး။ အိမ်မှာပဲနေ"
"...ရှောက်ချွင် ၊ မဖြစ်ဘူးလေ"
"ကျွတ်စ် မင်းဘာဖြစ်နေတာလဲ?"
လီချိန်ရှို့က တွန့်ဆုတ်စွာ ဆိုသည်။
"ငါအကြွေးတင်ထားတယ်"
"အကြွေး? ဘယ်သူ့ဆီလဲ? ဘာလို့လဲ?"
"အမျိုးတွေဆီက ၊ ငါ့အမေ ၊ဆေးရုံ တက်တုန်းကပိုက်ဆံ"
ရှောက်ချွင်က ခေါင်းငြိမ့်သည်။
"ဘယ်လောက်လဲ? ဘယ်လောက်လဲဆိုတာ ဂရုစိုက်မနေနဲ့။ ကိုယ်မင်းကို ဆပ်ပေးမယ်"
"မဖြစ်ဘူး"
ရှောက်ချွင်၏ အသံက ကျယ်လောင်သွားသည်။
"ဘာမရတာလဲ!!!''
လီချိန်ရှို့က ခေါင်းမာစွာဆိုသည်။
"ရှောက်ချွင် ၊ မဖြစ်ဘူး။ ငါဆပ်လို့ရတယ်"
ရှောက်ချွင်သည် စိတ်မရှည်စွာ သူ့အားတွန်းထုတ်လိုက်ကာ အပြင်သို့ ဆဲဆိုရင်း လျှောက်သွားသည်။