"မှန်းစမ်းအဖျားရှိသေးလား "

ဘေးမှာထိုင်ကာ နှဖူးပေါ်သို့လက်တင်ကာ အဖျားစမ်းနေ၏ ဤလူသား ရိပေါ်ကို အနိုင်ကျင့်နှိပ်စက်သောဤလူသားကို ရိပေါ်မှာဖြင့်မုန်းလို့ပင်မရပေ ဒါဟာလည်းသိပ်ချစ်မိသွားလို့ဖြစ်ပေလိမ့်မည် စိုးရိမ်မှုအနည်းငယ်ပြနေသည့်မျက်နှာနုနုအားကြည့်ကာ ရိပေါ်ရင်ထဲလှိုက်တက်လာသည် သူသာ တကိုယ်ကောင်းမဆန်ခဲ့ရင် ကိုကိုကအခုလိုအမုန်းတရားတွေကြီးထွားလာမှာမဟုတ် အခုတော့ မကျေနပ်ခြင်းအငြိုးတရားတွေနဲ့အရာအားလုံးဟာ စိတ်ပင်ပန်းရခြင်းများစွာ

"အဖျားတော့မရှိတော့ဘူး သက်သာလာမှာပါ ကိုယ်အလုပ်သွားလိုက်ဦးမယ် လိုအပ်တာကိုအကူ‌လေးတွေကိုပြော ပြီးတော့ထွက်ပြေးမယ်မကြိုးစားနဲ့ကိုယ့်အကြောင်းသိတယ်မလား "

"အွန်းး "

ရှောင်ကျန့်သတိထားမိပါသည် သူဝင်လာထဲက မျက်ရည်အဝိုင်းသားနဲ့ ကြည့်နေတဲ့မျက်ဝန်းငယ်ကို နှဖူးပေါ်လက်လေးတင်မိတော့သူ့ကိုစူးစိုက်ကြည့်ကာဝဲတက်လာတဲ့မျက်ရည်တွေ ရှောင်ကျန့်အနေနဲ့ ရိပေါ်အားစိတ်သေးသေးလေးတောင်မညစ်စေချင်ပါသို့သော်လည်း နာကျည်းစိတ်တွေကအနိုင်ယူလေတော့ ခဏတာတော့ခက်ခဲပင်ပန်းရပါလိမ့်မယ် ရိပေါ်ကိုချစ်ပေမယ့် ရိပေါ်ကိုမြင်တိုင်း သူ့ဘဝကိုပြန်တွေးမိရင်းဝမ်မိသားစုအား စိတ်နာလွန်းလှသည်

"ဟို ~~~"

မှာချင်တာမှာကြားပြီးအခန်းပြင်ထွက်ရန်ပြန်အလှည့် ရိပေါ်ဟာ ရှောင်ကျန့်ရဲ့ လက်ကိုကဆွဲထားတာ စကားပြောချင်နေသလို ခေါင်းကိုငုံ့ထား၏

"အင်း "

ရှောင်ကျန့်ရဲ့စကားသံကိုကြားသည့်နောက် မရဲတရဲ‌ပုံစံလေးဖြင့် ရှောင်ကျန့်အားခေါင်းမော့ကြည့်လာ၏ ထို့နောက်တစ်လုံးချင်းပြောလာသည့်စကားလေးမှာ ဤသို့ဖြစ်လေသည်

"အခန်းထဲကထွက်လို့ရမလားဟင် တစ်ယောက်ထဲအခန်းထဲပျင်းလို့ပါ "

"အခုတော့မရသေးဘူး "

ရိပေါ်ရဲ့ခေါင်းလေးအားပုတ်ကာ အငြင်းစကားဆိုသွားသော ရှောင်ကျန့်ကြောင့် စကားများရှေ့ဆက်ရန် လမ်းပျောက်သွားသည် ထားပါတော့လေ ရိပေါ်က အခုချိန်မှာရှောင်ကျန့်ရဲ့ကျွန်သာသာပဲမဟုတ်လား  ငြင်းဆိုခွင့်မရှိသလိုတောင်းဆိုခွင့်လဲ ရှိ‌မနေပါဘူး

Promise Where stories live. Discover now