Part - 22

625 61 23
                                    

"ဗိုလ်ချုပ်ကြီး ခင်ဗျ..."

"..."

Deusကဆိုဖာပေါ်ခြေဆင်းထိုင်ရင်း ဖုန်းနဲ့လဲအကြိတ်အနယ်စာရိုက်နေသေး၏။ အိမ်တော်ထိန်းနဲ့အတူ လူတစ်ယောက်ရောက်လာခြင်းကိုလည်း မမြင်သေးပေ။

"အိမ်တော်ထိန်းကြီး ခဏနော်..."

တစ်ချက်ကလေးမကြည့်ပဲ ဖုန်းထဲကိုကြည့်ရင်းသာ အကြိတ်အနယ်စာရိုက်နေ၏။

"အဟမ်း...ဘာလဲ..."

"ခင်ဗျားက ဘယ်ဟာကိုလှတယ်ပြောနေတာလဲ
ပို့သမျှပုံတိုင်း ကောင်းတယ်ပြောနေတော့ ကျွန်တော်ကဘယ်အကျီဝတ်ရမှာတုန်း..."

ဖုန်းထဲက လာလာရဲ့ဆူသံကြောင့် အိမ်တော်ထိန်းကြီးမျက်ခုံးတွေပင့်သွားရ၏။ သူတို့ရဲ့ဗိုလ်ချုပ်ကြီးကို အဲဒီလိုပြောရဲသူတစ်ယောက်တစ်လေတောင် မရှိသေးကြောင်း သူ့အသက်နဲ့အာမခံရဲသည်။

မနေ့တနေ့ကမှ မဟုတ်သေး။ ဗိုလ်ချုပ်ကြီးနဲ့အတူအိပ်ပြီးတော့မှ ဒီလိုအသံထွက်ရဲတာလား။
ငယ်ငယ်က အဲ့လိုမဟုတ်လေပဲ သမ္မတသားလေးကပဲ ဗိုလ်ချုပ်ကြီးကိုလိုက်ကပ်နေခဲ့တာမဟုတ်လား။
ဗိုလ်ချုပ်ကြီးDeusကလည်း စိတ်ဆိုးတဲ့မျက်နှာမပေါ်ပေ။ ဟိုဘက်ကလည်းအော်ဟစ်နေခဲ့၏။

"ဟျောင့် ပြောတာကြားလား...
အဲ့ဒီအကျီဝတ်..."

"အဲ့အကျီက လည်ပိတ်ကြီး ပြီးတော့ အကျီကဒူးအထိဖုံးနေတာလေ...ဘောင်းဘီအရှည်ကြီးလဲ ဝတ်ခိုင်းသေးတယ်...ခင်ဗျားတော်တော့ ဖုန်းချတော့မယ်..."

"ဟ ဟျောင့်..."

"ဘာလဲဗျာ...သူများအပြင်သွားမလို့ပါဆို သပ်သပ်မယ့် လာနှောင့်ယှက်နေတယ်..."

"အကျီခါးတိုမဝတ်နဲ့ ဘောင်းဘီဒူးဖုံးမဝတ်နဲ့..."

"သူငယ်ချင်းရဲ့မွေးနေ့ပါတီပါဆို ယောဂီဝတ်စုံနဲ့သွားရမလား...Deus ခင်ဗျားနားလိုက်တော့ဗျာ..."

"ကိုယ်အနားယူနေတာလေ စိတ်မပူစမ်းနဲ့ကွာ..."

"နားတော့ဆိုတာ ဒိုးလိုက်တော့လို့ပြောတာ...ဒိုးတော့ဆိုတာကလဲ အဝေးဆုံးသွားလို့ပြောတာဗျာ...ဒီLatinတောသားကို ရှင်းပြနေရတာလဲ အလုပ်တစ်လုပ်ပဲ..."

DEUSWhere stories live. Discover now