"လာလာ မင်္ဂလာဆောင်ရင်လည်း လာလာ့အမျိုးသားက မင်္ဂလာပွဲထဲမှာ ငိုကိုငိုရမယ်..."

ကောင်းချီးက ပြောလဲပြော သူကိုယ်တိုင်လည်းမျက်ရည်တွေကျလျက်။ ဗိုလ်ချုပ်မှူးကြီးChescherက တစ်သျှူးတွေထုတ်ပေးရင်း လာလာ့ကိုကြည့်ကာ ရယ်နေလေသည်။

ဗိုလ်ချုပ်မှုးကြီးChescherက Deusကိုခပ်စောင်းစောင့်ကြည့်လျက် လာလာ့ကို မေးခွန်းတစ်ခုမေးလိုက်လေ၏။

"သတို့သားလောင်းက မင်္ဂလာပွဲထဲမှာ မငိုရင်ရော..."

"သူမငိုရင် မင်္ဂလာဆောင်ကနေ ထွက်ပြေးလိုက်မှာပေါ့...သူလုပ်ရဲလား...အဓိက က သူငိုဖို့ပဲ..."

Deusက နှုတ်ခမ်းတစ်ဖက်မဲ့ကာ မသိမသာ'ကျွတ်'တစ်ချက်သပ်၏။ Deusရဲ့ အကြည့်တွေက လာလာ့ဆီ၌ ပုံဖော်လို့မရနိုင်အောင် ဖြစ်နေသည်။

မစွန့်ပစ်နိုင်လောက်အောင် ငြိတွယ်နေတဲ့ အကြင်နာဆက်ထုံးလေးတွေကို မဖြည်ရက်သလို သံယောဇဥ်တွေ ရှုတ်ထွေးနေခြင်းကိုလည်း မကြိုက်တတ်သူက မေတ္တာသက်ဝင်နေခြင်းအကြောင်း ဘယ်လိုဘယ်ပုံစာဖွဲ့ပြောလိမ့်မလဲ။

မင်္ဂလာပွဲကိုငေးနေသူကပြုံးလို့ ပြုံးနေသူကို လည်ပြန်ကြည့်နေသူရဲ့နှုတ်ခမ်းတွေက တင်းတင်းစေ့ထားသလောက် မျက်ဝန်းတွေကတော့ ကြည်နူးနေခြင်းကို ဖုံးဖိမနိုင်ခဲ့ပေ။

"မိဘတို့ဝတ္တရားအတိုင်း သတို့သားလေးကို အပ်နှံပေးပါ..."

ကောင်းမြတ်က ဓားတစ်လက်ကိုထမ်းကာ ရှေ့ဆုံးမှနေ၍ သတို့သားဆီလျှောက်လှမ်းသွားသည်။
ပြီးနောက် သတို့သားထံဓားကိုအပ်နှံလျက် အရိုအသေပေးကာ ထွက်ခွာသည်။

ဓားထမ်းခြင်းက ကောင်းမိသားစု၏ ရိုးရာဓလေ့တစ်ခုဖြစ်သည်။ ထိုဓလေ့က Omegaမွေးထားခဲ့သော် ဓားတစ်လက်ကို သွင်းလုပ်ရတာပင်။ Omegaသား၊သမီးရှိတဲ့သူတိုင်းက ဓားတစ်လက်ဆောင်ထားရ၏။
ထိုဓားကိုလည်း Alpha အကိုရှိသော် အကိုဖြစ်သူကစောင့်ရှောက်ပေးရသည်။ အကယ်၍မင်္ဂလာဆောင်သွားခဲ့သော် မိဘတို့က လက်ဆင့်ကမ်းကာ သတို့သားထံအပ်နှံရသည်။ သို့မဟုတ် အကိုအကြီးဆုံးက ခင်ပွန်းထံအပ်နှံပေးရ၏။

DEUSWhere stories live. Discover now