ထို့နောက် ဆွန်းဟန်ရုပ်ကိုတည်ပစ်လိုက်ပြီး လက်ပိုက်ကာဖြင့် TV ထဲစိတ်ဝင်စားနေဟန်ဆောင်လိုက်သည်။မချော့ခင်တည်းကပျော့နေလို့မဖြစ်။ဒီလူသူ့ကိုပစ်ထားတာတွေများနေပြီ။

" ဆွန်းဟန်... ကိုယ်ဗိုက်ဆာတယ် "

Wonbin ကအနားတွင်ဝင်ထိုင်ပြီး ဆွန်းဟန်ပုခုံးကာမှီကာခပ်တိုးတိုးဆိုသည်။

ဟုတ်သည်ပဲ။တစ်မနက်လုံး ဘာမှမှမစားရသေးတာဗိုက်ဆာနေမှာပေါ့။သို့သော်
ဆွန်းဟန် ယခုစိတ်ဆိုးနေသည်လေ။ဆာဆာ မဆာဆာသူ့အကြောင်းပေါ့။

- ဟုတ်တယ်ဟုန်းဆွန်းဟန် မင်းသူ့ကိုစိတ်ဆိုးနေတယ်။သူ့ကိုစိတ်ဆိုးနေတယ်!! ဘာမှမပြောရသေးခင်ပျော့မသွားနဲ့ -

" ကိုယ်ဗိုက်ဆာနေတယ်လို့ မောင့်!! "

" စားပွဲပေါ်မှာမောင်အကုန်ပြင်ထားပြီးသား Binn သွားစားရုံပဲ "

" ဆွန်းဟန်က ကလေးချစ်တတ်တာလား "

ဆွန်းဟန်၏တောင့်ဆပ်ဆပ်အသံအဆုံးတွင် မဆီမဆိုင်စွာထွက်ပေါ်လာသော Binn အသံခပ်တိုးတိုး။

ဆွန်းဟန်ခေါင်းကိုအမြန်အလုပ်ပေးရသည်။ဒါဘာဆိုင်လို့ထွက်လာတာလဲ။

သို့သော် မျက်ရည်များဝဲနေသော Binn မျက်ဝန်းကိုမြင်ရချိန်တွင် ဆွန်းဟန်ပြာသွားသည်။ဘာမှမဆိုင်ရင်တောင်သူ့အမှားဖြစ်နေ လေပြီ။သူ Binn ကိုဝမ်းနည်းအောင်လုပ်မိပြီမဟုတ်ပါလား။

" Binn... ဘာလို့လဲ မောင့်ကိုကြည့်ပါအုံးဟင် ဘာလို့လဲBinnရယ်  ငိုတော့မငိုလိုက်ပါနဲ့ "

" မင်းခုနတည်းက အဲ့တာကိုကြည့်နေတာ ကိုယ့်ကိုယ်တောင်စိတ်မဝင်စားဘူး "

ဆွန်းဟန် Binn လက်ညှိုးညွှန်ရာကိုကြည့်လိုက်တော့ TVမှာကလေးတွေအစီအစဉ်လာနေသည်။ကလေးအဖေနဲ့ကလေးတွေ ဘာတွေလုပ်နေကြသည်တော့မသိ။ပြုံးပျော်နေကြသည်။

ဒါဆိုခုနတည်းကအဲ့တာတွေလာနေသည်ပေါ့။သူဖြင့်သိတောင်မသိ။ယခုတော့ သူ၏လက်လွှတ်စဖယ်နိုင်မှုက Binn ကိုဝမ်းနည်းစေပြီပင်။

" Binn...မောင့်ကိုကြည့်ပါအုံး "

" ဟင့်အင်း "

ငိုသံစွက်နေသည်။ဒါတော်တော်လေးဝမ်းနည်းသွားလို့ဖြစ်သည်။ဒီနှစ်နှစ်ဆိုတဲ့အချိန်အတွင်း Binn ဒီလိုဝမ်းနည်းတာ ပထမဆုံးပင်။

You've reached the end of published parts.

⏰ Last updated: Mar 20 ⏰

Add this story to your Library to get notified about new parts!

He is MineWhere stories live. Discover now