အခန်း 26

192 25 2
                                    

အခန်း 26

‌နင်အာ မှာ ပစ္စည်းအများကြီးမရှိလို့ နောက်နေ့မနက်စောစောမှာ နင်မားမားက သူ့အတွက် ခရီးဆောင်အိတ်သေးသေးလေးကို ထုပ်ပိုးပြီး အိမ်အပြင်ကို ပို့ပေးလိုက်၏။

‌နင်အာ  သူ၏ ခရီးဆောင်အိတ်ကို ဆွဲယူကာ တံခါးဝတွင် စိတ်လှုပ်ရှားစွာ ရပ်နေလိုက်သည်။ သူ ခေါင်းကို မော့လိုက်သော် ရှောင်ပေါ်ဟန်က က သူ့ကို ပြုံးပြုံးရွှင်ရွှင် စိုက်ကြည့်နေ၍ ‌နင်အာ အနည်းငယ် ရှက်ရွံ့သွား ကာအဝေးကို အကြည့်လွှဲလိုက်သည် - "တကယ်ပဲ... မင်းအိမ်သွားမှာလား"

ရှောင်ပေါ်ဟန် က ခရီးဆောင်အိတ်တောင် မယူခဲ့ဘဲ ပခုံးလွယ်အိတ်တစ်လုံးသာ ယူလာခဲ့သည်။ သူက ‌နင်အာ ကို ကြည့်လိုက်ပြီးနောက် တောက်ပြောင်သော အဝါရောင် ခရီးဆောင်အိတ်ကို လှမ်းကြည့်လိုက်သည်။

‌နင်အာ က သူ့နောက်ကျောမှာ လွယ်အိတ်ကို ချက်ချင်းဝှက်ထားခဲ့၏- "ငါ့အမေက ပိုတောက်တဲ့ အရောင်ပါတဲ့ ခရီးဆောင်အိတ်ကို ဝယ်သင့်တယ်တဲ့၊ ဒါဆို ညလယ်‌ခေါင်ကြီးမှာ လမ်းဘေးမှာ ရပ်နေရင်တောင် တခြားလူတွေ မြင်ပြီး ဝင်အတိုက်မခံရဘူးလို့ ပြောလို့ ၊ “ဒီခရီးဆောင်အိတ်က ငါ့အမေဟာငါ့ဟာမဟုတ်ဘူး…”

   

ဒီတောက်တောက်ပြောင်ပြောင်ခရီးဆောင်သေတ္တာက ငါ့ဟာမဟုတ်ဘူး!။

"အိုး~ ငါလည်းမမေးပါဘူး"

ရှောင်ပေါ်ဟန် က အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်ပြီး ‌နင်အာ ဆီက အိတ်ကို ယူလိုက်ကာ သူတို့နှစ်ယောက် အတူတူ အောက်ထပ်ကို ဆင်းသွားကြ၏။

‌နင်အာ က ဒေါသထွက်ပြီး ရှက်သွားသည်။

‌နင်အာ က ရှောင်ပေါ်ဟန် ၏နောက်မှသာဖြည်းဖြည်းချင်း လျှောက်နေသည်။

နှစ်ယောက်သား တိုက်ခန်းတံခါးဝသို့မရောက်မီ ဆယ်မိနစ်ကျော်လောက် လမ်းလျှောက်ခဲ့ကြသည်။ ရှောင်ပေါ်ဟန် ရုတ်တရက် လှည့်ကြည့်လိုက်ကာ

   
"ရှောင်အာ့၊ မင်းငါ့အိမ်ကို မသွားချင်ဘူးလား"

‌နင်အာ က ချက်ချင်းခါးမက်ကာ မတ်တပ်ရပ်လိုက်သည်။ ချက်ချင်း - "မသွားလို့ရဘူးလား။"

A LITTLE LOVE SONG {Complete} Where stories live. Discover now