ep3

36 1 0
                                    

Lillian က suri အဖေအသိရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပြီးအရင်က တချားမြို့မှာနေတာဖြစ်သည် ယခုတွင်ဖခင်ကခေါ်ထားသဖြင့် ဖခင်အိမ်၌လာနေသည်ဖြစ်သည်

"ကဲရောက်လာကြပီလားထိုင်ပါအုံး"

"အော်ဆရာ့သမီးလေးလား"

"အေးဟုတ်တယ် သူ့ကိုပြန်ခေါ်ထားတာလေ ရောက်တာသိပ်မကြာသေးဘူး"

"သူက####ကျောင်းမှာတတ်နေတာလေအခု"

"ဟုတ်လားSuriလေးလည်းအဲ့ကျောင်းမာပဲ"

လူကြီးတွေစကားပြောနေစဥ် suri သည်မျက်နှာကိုပြုံးထားရပေမယ့် စိတ်တော်တော်ညစ်နေသည် Lillian ဒီမှာရှိမယ်လို့သူမထင်ထားဘူးလေ ပြီးတော့ Lillian ကသူရောက်ကတည်းကထိုင်ကြည့်နေတာကိုး

Suri သည်အလွန်ချောမောလှပသောမိန်းမပျိုလေးတစ်ဦးဖြစ်သည်ငယ်ငယ်ကတည်းကခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်အောင်ဖခင်ရဲ့အုပ်ထိန်းမှူအောက်မာနေခဲ့ရတဲ့ကလေးပင်ဖြစ်သည်

Lillianကတော့ Suriဆီကနေအကြည့်လွဲလို့မရခဲ့ပင်

သူ့ရဲ့ပန်းရောင်ဖျော့နေတဲ့နှုတ်ခမ်းလေး
ပန်းနုရောင်ဆံပင်ရှည်တွေ
မျက်လုံးဝိုင်းဝိုင်းလေးဆို
စွဲမက်ချင်စရာ ခန္ဓာကိုယ်လေး

Lillian အဲ့လိုစိုက်ကြည့်နေတော့ Suri တဖြည်းဖြည်းရှက်လာသည်

"အန်ကယ် သမီးသန့်စင်ခန်းသွားချင်လို့ရှင့်"

"Lillian လိုက်ပို့ပေးလိုက်!"

"ဟုတ်"

အမှန်တော့ Lillian ကြည့်နေတာကိုမခံနိုင်တော့လို့ ရှောင်ချင်လို့ဖြစ်သည် ဒါပေမယ့်လည်း သန့်စင်ခန်းကို Lillian နဲ့သာသွားလိုက်ရသည်

"ငါ့အင်ကျီတွေကို ကော်ဖီနဲ့ပက်လိုက်တာ ဘယ်သူလေးတုန်း"

"..."

"မသိချင်ယောင်ဆောင်နေတာပဲ"

"အေငါပဲ ဘာချင်လဲ နင်တောင်ငါ့ကိုပါးရိုက်ခဲ့သေးတာပဲလေ"

"မင်းရိုက်ခဲ့လို့ပြန်ရိုက်တာလေ မကျေနပ်ဘူးလား"

"မကျေနပ်ဘူးး!!!!!"

"စိတ်ဆိုးနေတဲ့ကလေးနဲ့လာတွေ့နေတယ်ကွာ"

"နင်ကဘယ်နှနှစ်မို့ငါ့ကိုကလေးလို့လာပြောနေတာလဲ ဟမ်"

"ကိုယ်လား ကိုယ်က၂၀လေ"

"..."

"ဘာပဲဖြစ်ဖြစ်အတန်းအတူတူပဲလေ"

"အော်ငါတော့မသိဘူး နာမည်က"

"Suri maya သေတဲ့အထိမှတ်ထားလိုက်!"

"ဟုတ်ပါပြီ သန့်စင်ခန်းသုံးမလို့ဆိုသွားလေထွက်ကျနေအုံးမယ်"

"နင်!!"

Lillianရယ်နေတော့သည်

Suri ပြန်ထွက်လာသည် Lillianကိုတောင်မခေါ်တော့ပဲ ဧည့်ခန်းကိုပြန်လာလိုက်သည်
ဧည့်ခန်းရောက်တော့အိမ်ဖော်ကလွဲပီးဘယ်သူ့ကိုမှမတွေ့တော့တော့လန့်သွားသည် ထိုစဥ်အိမ်ဖော်မလေးက

"မမလေး မမလေးအဖေနဲ့အန်ကယ်ကအပြင်သွားကြပြီ ပြန်လာမယ်တော့ပြောတယ် မမလေးLillianနဲ့နေခဲ့ပါတယ်"

"အော်"

I'm in love with my classmate | JoeyzzWhere stories live. Discover now