ပြောရင်း ဘေးနားက မိန်းကလေးရဲ့
ပါးကို ဖျက်ခနဲနမ်းလိုက်တာ
တွေ့လိုက်တာမလို့ Jennie ဒေါသက
ထောင်းခနဲ ထသွားသည် ။ လက်မှာ
ကိုင်ထားထက် ပိုက်ဆံအိတ်တောင်
လွတ်ကျချင်သွားတယ် ။

အဲ့နှစ်ယောက်က သူငယ်ချင်းတွေ
မဟုတ်ဘဲ ရည်းစားတွေလား ။ အဲ့တာဆိုရင်
သူမက သက်သက်  စိတ်ပြေလက်ပျောက်
ကစားခံလိုက်ရတာလား ။

အတွေးနဲ့အတူ မျက်ဝန်းထဲ
မျက်ရည်စို့ချင်လာသည် ။ သူမရဲ့
မာနကို ထိခိုက်တာပဲ ။

သူကစားသွားတာကို မသိဘဲ
မျှော်နေမိတယ့် ကိုယ့်ကိုကိုယ်ပဲ
ဟားတိုက်ချင်မိသည် ။

ပြီးတော့  စိတ်ထဲက အဲ့ Kim Jisoo ကို
ထပ်မတွေးမိဖို့ ၊ ထပ်မတွေ့ဖို့အတွက်
အတွက် ဆုံးဖြတ်လိုက်သည် ။

ရွေးလက်စဝိုင်မဝယ်ဘဲ ဆိုဂျူပဲတစ်ပုံးပဲ
ဝယ်လာခဲ့လိုက်သည် ။ ဒီညတော့
အဝသောက်ပြီး အဲ့အရူးကို ခေါင်းထဲက
ထုတ်ပစ်လိုက်အုံးမယ် ။

🪐

အိမ်ထဲဝင်လာတော့
တွေ့ရခဲတယ့် မျက်နှာကြီးကို
မြင်လိုက်ရတာမို့ Jisoo ခပ်မဲ့မဲ့ပဲ
ပြုံးလိုက်မိတယ် ။ Chaeyoung ကတော့
ဘေးနားကနေ သူ့ရဲ့လက်ကို
ဆုပ်ကိုင်လာပြီး အပေါ်ထပ်ဆွဲခေါ်
သွားဖို့ ပြင်တာမို့ Jisoo
တားလိုက်ပြီး အဆင်ပြေကြောင်း
ခေါင်းညိမ့်ပြလိုက်သည် ။

Chaeyoung ရဲ့ မိဘတွေကလည်း
ဧည့်ခန်းထဲမှာထိုင်ရင်း သူ့ရဲ့အဖေ
ဖြစ်သူကို ဧည့်ခံနေကြသည် ။ Jisoo
သက်ပြင်းခပ်ရှည်ရှည်ကာ အဖေ့ရဲ့
အရှေ့ဝင်ထိုင်လိုက်သည် ။

သူများရှေ့မှာမလို့ ထင်ပါရဲ့
သူ့ကို ကောင်းကောင်းမွန်မွန်ပဲ
ပြောဆိုရှာတယ် ။

Chaeyoung ရဲ့မိဘတွေကလည်း
သူဆေးရုံတက်ထားရတယ့် ကိစ္စကို
မသိကြဘူးလေ ။ အဲ့ကိစ္စကို
အဖေနဲ့အမေရယ် ၊ Chaeyoung ရယ်ပဲ ၊
သူငယ်ချင်းအရင်းအချို့ရယ်ပဲ
သိကြတာ ။

စကားပြောကြပြီး
ပြန်တယ့်အခါ Jisoo ပါ
လိုက်ထွက်လာခဲ့သည် ။ အဲ့အခါမှ

" အိမ်ပြန်လာခဲ့ "

" ဒီမှာပဲနေမယ် "

" ငါ့စကားကို လွန်ဆန်နေတာလား
Kim Jisoo ။ ဆေးချတယ့်ကိစ္စပြီး
ငါ့ကို ဘယ်လိုထပ် အရှက်ခွဲဖို့
ပြင်ဆင်ထားသေးလဲ "

KIM'S DOCTOR जहाँ कहानियाँ रहती हैं। अभी खोजें