💌 (14) - zawgyi

Start from the beginning
                                    

Rikuရဲ့ နှုတ်ခမ်းတထော်ထော်နဲ့စကားတွေကို ပြုံးပြုံးကြီးကြည့်နေတယ်။

"လေပေါလေး မင်းရဲ့ဆုတောင်းကလဲ ရှည်လိုက်တာ"

"အဲ့တာဆုတောင်း မဟုတ်ဘူး မင်းကို ကျိန်ဆဲနေတာ အရူးကောင်ရဲ့"

နှစ်ယောက်သားကျီစယ်နေတာဟာ အိုဆာကာရဲ့ ညအလှလိုပဲ ကြည်နူးဖို့ကောင်းနေခဲ့တယ်။

"ဟုတ်ပါပြီ အခုတော့ ဖယောင်းတိုင်မီးမှုတ်ပြီး ဆုတောင်းပါအုံး"

Daeyoung စကားပြီးတော့ Rikuက ချက်ချင်းဆိုသလို လက်ကို ဆုတောင်းသလိုပုံစံလုပ်ပြီး မျက်လုံးအစုံကို မှိတ်ချလိုက်တယ်။စိတ်ထဲကနေ အကျယ်ကြီးဆုတောင်းတယ်။

*အရှေ့က အရူးကောင်နဲ့ တစ်သက်လုံးနေပါရစေ* လို့ပေါ့။

Rikuရဲ့ဆုတောင်းမဆုံးခင်မှာ Daeyoung က Rikuရဲ့မှတ်ထားတဲ့မျက်လုံးတွေပေါ် အနမ်းတစ်ပွင့်ပေးလိုက်တယ်။

"ဟာ Kim Daeyoung ငါဆုတောင်းနေတာမပြီးသေးဘူးလေ ဆုတောင်းမပြည့်ရင် ဘယ်လိုလုပ်မလဲ"

"အာ ဟုတ်လား ငါတောင်းပန်ပါတယ်"

"ပြီးမှ နမ်းလဲရတာကို"

Daeyoung က ရယ်လိုက်ပြန်တယ် အူယားမှုအပြည့် အသည်းယားမှုအပြည့်နဲ့။

"လာ အထဲဝင်ကြမယ် ခြင်ကိုက်တယ်"

Rikuအခန်းထဲဝင်ပြီး ကိတ်မုန့်ကို စားကြတယ်။

"Daeyoung ခရင်မ်တွေမသုတ်နဲ့နော် ငါမျက်နှာ ထပ်မသစ်ချင်တော့ဘူး"

"ဟုတ်ပါပြီဗျာ"

Daeyoung စကားအဆုံးမှာ Rikuက ခရင်မ်အပြည့်ကော်ပြီး Daeyoung ပါးကို သုတ်ချလိုက်တော့တယ်။

"Maeda "

"ဘာလဲ"

Kim Daeyoung ရဲ့အံ့ဩပြီး ဒေါသထွက်နေပုံကို Rikuတစ်ယောက်တဟားဟားရယ်ပါတော့တယ်။

"မင်းပြောတော့ ခရင်မ်မသုတ်နဲ့ဆို"

"ငါ့ကိုပဲမသုတ်ခိုင်းတာလေ မင်းကိုတော့ သုတ်မှာပဲ"

"လာခဲ့ မင်း ဒီကိုလာခဲ့"

"မလာပါဘူး မိအာင်ဖမ်းပေါ့"

"Maeda"

အသက်၂၀ကောင်လေးတွေက အရင်၁၆နှစ်ကလေးတွေလို အခန်းကျဉ်းထဲ ပြေးလွှားဆော့နေကြတယ်။ရယ်မောသံတွေ ပျော်ရွှင်မှုတွေအပြည့်နဲ့ပေါ့။

SILENCEWhere stories live. Discover now