Part - 16 ( Uni )

Start from the beginning
                                    

ကိုယ်ပြောလိုက်သည့်စကားကြောင့် အလင်းတစ်ယောက် အသက်ရှုရပ်တန့်သွားသလို တောင့်တောင့်ကြီးဖြစ်သွားရလေသည်။

" မွေးထဲကမိဘမဲ့ကျောင်းမှာနေလာရတဲ့ မင်းလိုကောင်အတွက် ဘယ်သွေးကြွေးဆပ်စရာရှိနေခဲ့လဲ ငါသိချင်မိသား ။နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် ငါ့ဇာတိမြို့တဲ့လား "

ဒီတစ်ခါစကားမှာတော့ အလင်းသည် အရုပ်ကြိုးပြတ်လိုထိုင်ရက်လဲကျသွားလေတော့သည်။ စိတ်ထိန်းဖို့မဖြစ်နိုင်တော့သည့်ရှိန်းသည် ထိုင်ရက်လဲကျနေသည့်အလင်းဆီ ဝုန်းခနဲထသွားလိုက်ပြီး ထိုင်ရက်ရှိနေသူအား လဲကျသွားအောင်စောင့်တွန်းလိုက်သည်။
ပလက်လှန်လဲကျသွားသည့် အလင်းပေါ်ခွကာနေရာယူလိုက်ပြီး သူ့ရင်ဘက်နေရာမှာအကျႌစကို
တင်းနေအောင်ဆုပ်ကိုင်လိုက်၏။

" ခွပ်! ခွပ်! ခွပ်! "

အချက်ပေါင်းများစွာသောလက်သီးချက်တို့သည်
အလင်း၏မျက်နှာဆီသို့ကျရောက်သွားရ၏။ နှုတ်ခမ်းထောင့်မှစီးကျလာသည့် သွေးစတို့ကိုမြင်မှ
လက်သီးချက်တို့ရပ်တန့်သွားရသည်။အလင်းသည် နာကျင်မှုကိုခံစားနေရဟန်မတူ။ အသိစိတ်လွတ်နေသူလို့ ငြိမ်သက်နေ၏။ မျက်နှာကြက်ကိုငေးမောနေသည့်အလင်းသည် တုတ်တုတ်မျှမလှုပ်ချေ။
အလင်း၏ မျက်ဝန်းထောင့်နှစ်ဖက်မှစီးကျလာသည့် မျက်ရည်စတို့ သူ့ပါးပြင်နှစ်ဖက်ပေါ်ဖြတ်သန်းသွားတော့၏။ ရှိန်းကိုယ်တိုင်လဲ ဆို့နင့်မှုကိုခံစားလာရကာ အလင်းအပေါ်မှဖယ်လိုက်ပြီး သူနှင့်ဘေးချင်းယှဉ် ကာ လှဲချလိုက်မိတော့၏။ မျက်နှာကြက်ကိုသာ
နှစ်ယောက်အတူငေးမောနေရင်း နာရီဝက်နီးပါးခန့် ဘာစကားမှမဆိုဖြစ်။ စိတ်ငြိမ်သွားအောင်ကြိုးစားပြီးကာမှ

" ဘယ်လောက်ကြာမှာလဲ တစ်နှစ်လား နှစ်နှစ်လား ငါ့ကိုအမှန်တိုင်းပြောသွား "

အလင်းဆီမှ သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရသည်။

" တစ်နှစ်လောက်တော့ အနည်းဆုံးကြာမယ် "

" ပဲခူးမှာဘာတွေလုပ်ခဲ့လဲ။ မြတ်မင်းဆိုတဲ့သူကိုလေ"

" အဟက်! "

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now