ဧကရာဇ်မဖြစ်ချင်တဲ့အသွင်ပြောင်းမြေခွေးလေး

836 68 26
                                    

ဖန်းဟုန်ရှန်းတောမြိုင်ဆိုတာ အဆုံးမရှိတဲ့မှော်ဝင်္ကပါလို့ လူသားတွေက ယုံတမ်းပုံပြင်တွေအရ သိထားကြသည်။ ဖန်းဟုန်ရှန်းမြိုင်နန်းဟာ အလွန်လှပတဲ့ နတ်ဘုံနဲ့ အလားသဏ္ဍာန်တူပြီး ဒဏ္ဍာရီလာမှော်သတ္တဝါတွေနေထိုင်းကျက်စားကြတယ်လို့ ရိုးရာပုံပြောဆရာတွေကလည်း ပြောဖူးသည်။

ဖန်းဟုန်ရှန်းတောမြိုင်နန်းဟာ တကယ်ရှိတာလား။
ဒဏ္ဍာရီလာမှော်သားရဲတွေဆိုတာကရော ဖြစ်နိုင်လို့လား။

ဖန်းဟုန်ရှန်းတောမြိုင်ဆိုတာ လူသားတွေခေါ်တွင်ကြတဲ့ နာမတစ်ခုသာဖြစ်ပြီး ခေတ်တွေပြောင်းလဲလာပေမယ့် ဖန်းဟုန်ရှန်းနန်းမြိုင်ကို ဘယ်မှာရှိမှန်းမသိကြသေးပေ။

............

ဖန်းဟုန်ရှန်တောမြိုင်နန်း၏ ရာဇဝင်လေးတစ်ပုဒ်ကို အစချီပြောပြရမယ်ဆိုရင် လွန်ခဲ့သော နှစ်ပေါင်း၈၀၀၀ခန့်က...။

ချန်းကော်ခေတ်။(QiangGuo)
ရှန်မော့မင်းဆက်။(XianMo)

လျိုစန်မြို့(LiuSan)။

လက်ထဲက ဆေးရိုးဆေးပင်တွေကို လူငယ်လေးက သေချာ စစ်ဆေးနေရင်း မျက်မှောင့်ကျုံ့နေမိသည်။ သူ့၏ မျက်ခုံးတန်းတို့ဟာ ကျောက်စိမ်းကဲ့သို့မြရောင်စိုပြီး တင်းစေ့ထားသောနူတ်ခမ်းတို့သည်လည်း ချယ်ရီပန်းသွေးကြွလျက်ရှိ၏။

" တန်ကွေမြစ်(DanGui)( ဆေးမြစ်တစ်မျိုး) က ငါသေချာပေါက်ထည့်ခဲ့တာပါ ၊ အခုဘယ်ရောက်သွားတာလဲ''

လူငယ်သည် ဆေးအိတ်ထဲနဲ့ဆေးခြင်းလေးထဲကို သေချာ နှံ့စပ်ခတ်အောင်ရှာဖွေပြီးသည်အထိ ဆေးမြစ်ကို မတွေ့ရသေးပေ။

" ဘာလို့ပါလိမ့် .. ငါသေချာထည့်လာတာလေ''

" ကိုကိုရိပေါ်...ကိုကိုရိပေါ် ဖေဖေက ခေါ်နေတယ်''

အဝါရောင်ဝတ်စုံနဲ့ အသက်ဆယ်နှစ်အရွယ် ကလေးမလေးက လူငယ်ကို အသံတဆာဆာနဲ့ခေါ်ကာ ပြောလာသည်။ သို့သော် လူငယ်က ဆေးမြစ်တွေနဲ့ အလုပ်ရှုပ်နေဆဲသာ။

" ကိုကိုရိပေါ် ''

" ဟမ်?''

ရိပေါ်ဆိုသောလူငယ်ဟာ လိပ်ပြာလွင့်နေသူရုတ်တရက်အသိဝင်လာသကဲ့သို့ ခေါ်နေတဲ့ကလေးမလေးအား ကြည့်ပြီး အသံတစ်ခုပြုလိုက်သည်။

The Legend Of Eternal LoveWhere stories live. Discover now