အပိုင်း(၅၃)

Start from the beginning
                                    

ယွမ်ကျိုးက လက်ဆန့်ကာ တက္ကစီး တားလိုက်သည်။ ဒါရိုက်ဘာကို သွားမည့်နေရာ အတိအကျ ပြောပြီးနောက်  စားသောက်ဆိုင်ပိတ်မည့် အကြောင်း မည်သို့သောအကြောင်းပြချက် ပေးရမလဲ အကြံထုတ်နေခဲ့သည်။

ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး သူ့လက်ကို အောက်ချလိုက်ကာ အိတ်ကပ်ထဲမှ မိုဘိုင်းလ်ဖုန်းကို ဆွဲထုတ်သည်။ အင်တာနက်ဖွင့်ကာ တချို့သော အချက်အလက်များကို ရှာဖွေသည်။

“ကျီးလျို”

“ရောက်ပါပြီ” ဒါရိုက်တာက စကားအများကြီး မပြောပေ။ ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုး တက္ကစီးခ ပေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်း” ယွမ်ကျိုးက ကျသင့်ငွေကို ပေးပြီးနောက် နောက်ဖေးတံခါးမှ တဆင့် စားသောက်ဆိုင်ထဲ ပြန်ဝင်သည်။

အမှိုက်ပုံးအနား ဖြတ်သွားစဉ် ပလတ်စတစ်အပြားပေါ်မှာ လှဲလျောင်းနေသောအမွေးဖွာ ခွေးကလေးသည် ယွမ်ကျိုး သူ့အနားမှ ဖြတ်သွားခြင်းကို သတိမပြုမိပေ။

ယွမ်ကျိုးက နောက်ဖေးလမ်းကြားမှ ပျောက်ကွယ်သွားမှ ခေါင်းမော့ကာ ကြည့်သည်။

ယွမ်ကျိုးက နောက်ဖေးတံခါးကို ဖွင့်ကာ အထဲဝင်သည်။ လေးအေးက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

သူက ဒုတိယထပ်သို့ အလျင်အမြန် ပြေးတက်သွားပြီး သူ့အိပ်ရာဘေးနားက အံဆွဲကို ဖွင့်လိုက်သည်။ အံဆွဲထားမှာ မသုံးရသေးသော A4စာရွက်တချို့ ရှိသည်။ သူက ဘောပင်ကို ကောက်ယူလိုက်ပြီး စာရွက်ပေါ်မှာ စကားလုံး တချို့ကို ရေးသားသည်။

နောက်ဘက်တံခါးမှ မော်ကြွားစွာ ထွက်လာပြီးနောက် ယွမ်ကျိုးက ကောင်လေးတစ်ယောက်ကို ၂ယွမ်ပေးပြီး သူ့ဆိုင်တံခါးအရှေ့မှာ စာရွက်ကပ်ခိုင်းသည်။ နေ့လည်စာ စားချိန် နီးကပ်နေ၍ တခြားသူများ သတိမထားမိခင် ဆိုင်တစ်ဆိုင်မှာ သွားစားရန် ပြင်ဆင်သည်။

ယွမ်ကျိုးကိုယ်တိုင် စာရွက်သွားကပ်လျှင် ပုံမှန်ဖောက်သည်က သူ့ကို မတော်တဆ မြင်သွားခဲ့လျှင် သူ ဆေးရုံရောက်နိုင်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now