အပိုင်း ၁၁

Start from the beginning
                                    

“အညိုရယ် မမြိုင်ကိုတော့ တယ်လီဖုန်းမဆက်လိုက်ဖူး”

“အလုပ်ရှုပ်မှာကြောင့်ပါ အညိုလည်း ဒီကိုအကြောင်းရှိလို့ခဏပြန်လာတယ်ဆိုပါတော့…ပြီးတော့ ကျောက်ပန်းတောင်း ပြန်ပြီးပြန်ဖြစ်၊မပြန်ဖြစ် မသေချာသေးလို့”

“အေးပါကွယ် ဒီနေ့အိမ်မှာ မမြိုင်နဲ့၊မိခိုင်ဘဲရှိတယ် ဖေဖေကသူ့အလုပ်ကိစ္စအတွက်ခရီးလွန်နေတယ်ဆိုပါတော့။မေမေကတော့မနွယ်နဲ့ ကိုရာဇာတာဝန်ကျတဲ့ရှမ်းဖက် အလည်လိုက်သွားလေရဲ့။ကဲ…အညိုနားချင်နားချင်နားလေ ရေချိုးထားအုံး မိုးမိလာတာဖျားနေမယ်”

“ဟုတ်မမြိုင် ဒါဆိုအညိုနားအုံးမယ်”

အညိုမရှိသည့်အတောအတွင်း အညို့အခန်းအား ရှင်းထားပုံပေါ်နေသည်။အညိုအခန်းထဲဝင်ဝင်ခြင်း အဝတ်ထုပ်အားပြစ်ချကာ ကုတင်ပေါ်၌ အကြောဆန့်မိ၏။

အကြောဆန့်ရင်း ခရီးပန်းမှုကြောင့် အညိုအိပ်ပျော်သွား၏။ညနေနိုးချိန်တွင် အညို့ကိုယ်တွေပူနေပြီ အညိုဖျားနေပြီထင်ပါရဲ့။

အညိုမရှိရှိသည့်အားလေးနှင့်အခန်းပြင်ကိုထွက်လာခဲ့သည်။ပြီးနောက် မမြိုင်အားမြင်လိုက်ရသဖြင့် အညိုမမြိုင်အားလှမ်း၍ခေါ်လိုက်ရသည်။

“မမြိုင်…မမြိုင်”

“အယ်…အညို မျက်နှာတွေနီလို့ပါလား။မှန်းစမ်း…”

မမြိုင်ကထို့သို့ပြောပြီး မမြိုင်လိုက်မှာအညို့နှဖူးပေါ်သို့ရောက်လာခဲ့၏။

“အညို…ဖျားနေပြီကော အခန်းထဲဝင်လှဲနေ မမြိုင်ဆရာဝန်ပင့်ပေးမယ်ကွယ်”

မမြိုင်က ပြောပြောဆိုဆိုနှင့် အိမ်ရှေ့သို့ထွက်သွားလိုက်၏။အညိုကမမြိုင်မှာထားသလို အခန်းထဲမှာဝင်လဲနေလိုက်သည်။

သိပ်မကြာပါ အိမ်ထဲသို့ကားစက်ရပ်သံတစ်ခုအားကြားလိုက်ရပြီး အညို့အခန်းတံခါးပွင့်လာ၏။မမြိုင်ဘေး၌တစ်ယောက်ယောက်ပါလာပုံပါဘဲ။

အညိုဆောင်ပုံကြား၌ ထိုလူမျက်နှာအားဝေးတိုးဝါးတာမြင်နေရ၏။ပြီးတော့ ဒီရုပ်ဒီအသံကိုအညိုအတော့ပင်ရင်းနှီးနေ၏။

“မမ ဒါမမမောင်လား”

“ဟုတ်ပါ့ မြန်းညိုတဲ့လေ တို့တွေရဲ့ အငယ်ဆုံးလေးပေါ့”

အညို့နားတွင်း ဝေဝါးစွာကြားနေရ၏။
အညို၏သိချင်စိတ်ကြောင့် မျက်လုံးကိုအတင်ဖွင့်မိသော်လည်း အချည်းနှီးသာ။သို့သော် အညိုတွေးနေမိတာက အညို့ဘေးမှာရပ်နေသူဟာကိုဆန်းမော်လား။

“ကိုမော်…ကိုမော်”

“အညို…အညို…သတိထားပါအုံး”

“မမမောင်ဟာသိပ်ကပ်ပုံဘဲ မိုးမိလာတာကို ရေမချိုးဘဲ မိုးစိုနဲ့ နေဆောင်းနေတာကိုအိပ်တာ အခုတော့ဖျားပြီ”

“အော်…မောင်ရယ် အညိုဟာအရင်ကအဲ့လိုမဟုတ်ပါဘူး သူသိပ်ပန်းနေလို့ဖြစ်မှာပါ”

ထိုလူကသူစမ်းသပ်စရာရှိတာတွေစမ်းသပ်ပြီး ဆေးတစ်ချောင်းထိုးရမယ်ဆိုသည့်ပြောသံလည်းအညိုကြား၏။ပြီးမမြိုင်အား သောက်ရမည့်ဆေးများအားမှာကာ မမြိုင်နှင့်နှစ်ယောက်သား ထွက်သွားသံလည်းကြားရသည်။

မနက်နိုးချိန်တွင် အညိုအတော့ပင်သက်သာနေပြီ။အညိုစတင်နိုးချိန်တွင် ခေါင်းထဲပေါ်လာသည်က ကိုဆန်းမော်။ထိုလူဒီအချိန်ဘာလုပ်နေမည်လည်း၊အညို့ကိုများ စိတ်ပျက်သွားလေမလား။

‘အို...ဘာလို့တွေးနေမိပါလိမ့်’

အတွေးသည် လူတစ်ယောက်ကိုပျော်ရွှင်စေသလိုတစ်ခါတစ်ရံဝမ်းနည်းမှုကိုဖြစ်ပေါ်စေသည်တဲ့။

နှုတ်ဆတ်ချိန်နှင့်ခွဲခွာချိန်သည်
သိပ်မကြာသော်လည်း
အလွန်ရှည်လျားသောအိပ်မက်ပင်ဖြစ်သည်။

6.3.24
သာသာပျင်းနေတာနဲ့ရေးဖို့ကြာနေတာရယ် ဖုန်းလိုင်းကစာပို့လို့ရအောင်ထိမရနေတာရယ်ကြောင့်ကြာသွားပါတယ်ဗျ။ဒါဒါတို့ကိုသာသာအသိပေးစရာလေးရှိလို့ပါ အစကတော့လေဇာတ်လမ်းကိုရိုးရိုးလေးဘဲစဉ်းစားထားပေမယ့် နောက်ပိုင်းသာသာစဉ်းစားမိတာက သာသာကဒါဒါတို့ကိုကလိကလိလေးလုပ်ချင်လို့ တစ်မျိုးတစ်ဖုံပြောင်းထားတယ်နော်။

စိတ်မဆိုးကျေး…🫶🏻🥹

take care all my readers❤️

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now