ကင်မရာထဲမှ ဓာတ်ပုံတွေကိုပြန်ကြည့်ပြီး နှိုင်း ခေါင်းညိတ်လျက်ရှိ၏။နှိုင်းလိုချင်တာရပြီဖြစ်တာကြောင့် ထိုနေရာမှ အချိန်ထပ်ပြီးမဖြုန်းချင်တာနဲ့ အလျင်အမြန်ဘဲထွက်လာခဲ့ခြင်းဖြစ်သည်။

ဘယ်မှရေရေရာရာသွားစရာမရှိတာမို့ ရူခင်းလှလှလေးရိုက်လို့ရမည့်နေရာသို့သာ ထွက်လာခဲ့တော့သည်။

Sport bikes,Cruiser,Touring စသည့်မော်ဒယ်မြင့် ဆိုင်ကယ်သုံးစီးရှိသည့်အနက် ထိုထဲမှ Touring အနက်ရောင်တစ်စီးကို နှိုင်းယူစီးခဲ့၏။

ထိုသုံးစီးလုံးသည် အရင်ညက ချိန်းပွဲမှာ နှိုင်းအနိုင်ရလာသည့် ဆုကြေးများဖြစ်သည်။

အရင်က ဆိုင်ကယ်မရှိတာကြောင့် နှိုင်း သွားရလာရခက်ခဲရ၏။ထိုအကြောင်းပြချက်ကြောင့် ဆိုင်ကယ်လိုချင်မိတာနဲ့ ကလပ်က မာန်တက်နေတဲ့ကောင်တစ်ချို့နှင့်လောင်းကြေးထပ်ပြီး ချိန်းပွဲထိုးခဲ့ရာဆုကြေးအနေနဲ့ သူတို့ရဲ့ဆိုင်ကယ်ကို နှိုင်းရလာသည်။သူဌေးသားတွေမို့ သူတို့ဆိုင်ကယ်ကလည်း မဆိုးဟုပြောရမည်။အခုတော့ သူတို့ဆိုင်ကယ်အကုန်လုံးက နှိုင်းအပိုင်တွေဘဲမို့ သွားရေးလာရေးမှာ စိတ်ပူစရာမရှိတော့ပါ။

​တစ်ခါတစ်လေ အပူအပင်မရှိဘဲ ဘဝကိုဖြတ်သန်းရတဲ့အချိန်က ဘာနဲ့မှအစားမထိုးနိုင်တဲ့ အရာတစ်ခု။ညပိုင်းမှာ နိုက်တင်ဂေးတွေရဲ့အလှကိုရိုက်ပြီး နေ့ဘက်မှာတော့ သဘာဝကဖန်တီးပေးထားသည့်အလှကို ရိုက်မည်။မတူညီတဲ့အရာနှစ်ခုကို ယှဥ်ရိုက်ရတာက စိတ်လူပ်ရှားစရာအကောင်းဆုံးတစ်ခုဖြစ်သည်မလား။

နှိုင်းက တောင်တန်းနဲ့ရေကန်တွေကိုသဘောကျတာကြောင့် ထိုနေရာတွေကိုအဓိကအသားပေးရိုက်ဖြစ်၏။အခုလည်း တောင်တန်းတစ်ချို့ရဲ့ဓာတ်ပုံကို ဖမ်းယူနေတုန်း ကင်မရာထဲသို့ဝင်လာသည့် မိန်းကလေးတစ်ယောက်ကြောင့် နှိုင်း၏အာရုံများ သူမထံ့သို့သာတန်းရောက်သွားမိသည်အထိ စိတ်ဝင်စားသွားရသည်။

တင်ထိရှည်လျားသော အနက်ရောင်ဆံနွယ်တွေက လေနှင့်အတူပျော့အိစွာပျံလွှင့်နေ၏။ပန်းရောင်ဝမ်းဆက်နှင့်မြန်မာဆန်ဆန်ဝတ်ထားသော သူမက သေးသေးသွယ်သွယ်လေးနှင့် လှပလွန်းသည်။ဒါ့အပြင် ပုလဲလေးလိုဖြူဥနေသော အသားပေါ်မှ အဝါရောင် သနပ်ခါးတွေကိုဘယ်ညာလူးထားသည်က ကြည့်ရတာကျက်သရေရှိလှ၏။

Change For You( သူ့အတွက်သာလျှင်)(U+Z)Where stories live. Discover now