အပိုင်း(15)

Start from the beginning
                                    

ခါရူးနဲ့လက်မဆက်ခင်က သူ့ရဲ့အကိုကြီး ဖြစ်တဲ့အန်ဒရူးနဲ့မိတ်ဆက်ပေးပေမဲ့ နာရာက အန်ဒရူးကို သဘောမကျ ဒါပေမဲ့ ခါရူးသာ ခေါင်းဆောင်နေရာ မရပဲ အန်ဒရူးသာ ရခဲ့ရင် သဘောမကျလဲ အန်ဒရူးနဲ့ပဲ လက်ဆက်ဖို့ရွေးချယ်မှာဖြစ်သည်။.နာရာ့အတွက်အချစ်တွေ မေတ္တာတွေက အရေးမကြီးပေ။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ ပထမဇနီး မျိုးနွယ်စုရဲ့သခင်မ ဖြစ်ဖို့သာအရေးကြီးသည်။.ခါရူးနဲ့လက်ဆက်ပြီးတော့လဲ ခါရူးသဘောအတိုင်းသာ အရာအားလုံးကို လုပ်ဆောင်ပေးခဲ့သည်။ နာရာ့ကို ညီမလေးလိုပဲသဘောထားတာကြောင့် ဘာအခွင့်အရေးမှ ယူမှာမဟုသလို နာရာ့ဖက်ကလဲ အကိုကြီးတစ်ယောက်လိုပဲသဘောထားပေးပါလို့ ပြောလာတော့ နာရာလက်ခံလိုက်သည်။ ခါရူး အမြင်ကြည်နေဖို့လိုသည်။ နောက်မှ ဖြည်းဖြည်းချင်း ခါရူးအနားရောက်အောင်သွားမယ်ဆိုတဲ့အတွေးနဲ့ နာရာလက်ခံခဲ့သည်။ကြားထဲမှာဦးလေးရဲ့ အကြံပေးမှုကြောင့် ဆေးခပ်ခဲ့ပေမဲ့ခါရူးက မသောက်မိပဲ နာရာကိုယ်တိုင် သောက်မိတဲ့အတွက် ဒုက္ခရောက်ခဲ့ရသေးသည်။.

အခု ခါရူးအနားထပ်ကပ်မယ်လို့ တွေးထားပေမဲ့ ဟို အကောင်ကြောင့် အနားကို ကပ်ခွင့်မရ။ ဟိုအကောင်ကသာ ဆက်ခံသူကို ပထမဆုံးမွေးပေးခဲ့ရင် နာရာ့အတွက် ခါရူးအနားကပ်နိုင်ဖို့ဆိုတာ မလွယ်တော့။ အာ့တော့ နည်းလမ်းက တစ်ခုပဲရှိသည်။.ထိုနည်းလမ်းက မိုရာ့ကို ကလေးမရအောင် ဆေးတိုက် မဲ့ နည်းလမ်းပင်ဖြစ်သည်။ မျိုးနွယ်စုရဲ့သခင်ဖြစ်ဖြစ် သခင်မ ဖြစ်ဖြစ် ၃နှစ်အတွင်း ဆက်ခံသူမရပါက ရာထူးကနေ ဆင်းပေးရသည်။.မိုရာသာ ဆက်ခံသူ မရခဲ့ပါက သခင်မရာထူးကဖယ်ပေးရမှာဖြစ်သည်။နာရာနဲ့ခါရူးကလက်ဆက်ထားတယ်ဆိုပေမဲ့တစ်ခါမှ အိပ်ခန်းမဝင်ကြတာ တစ်မျိူးနွယ်လုံးသိသလို ခါရူးကလဲ ဆက်ခံသူ ကိစ္စကို အစဖော်မခံတာကြောင့်ရယ် ဓလေ့တစ်ချို့ကို မေ့နေကြတဲ့ အကြီးအကဲတွေကြောင့် အဆင်ပြေနေတာဖြစ်သည်။ အကြီးအကဲတွေ မေ့နေတဲ့အရာကိုသာ ပြန်အစဖော်လိုက်ရင်ဆက်ခံသူကယူကိုယူရတော့မည်။အဲ့အချိန်ထိ မိုရာက ဆက်ခံသူ မမွေး ပေးနိုင်ရင်   သခင်မ ရာထူးက ဆင်းပေးရမှာဖြစ်သည်။.အဲ့အချိန် နာရာက သာ ဆက်ခံသူမွေးပေးခဲ့ရင် သခင်မရာထူးကိုလဲရသလို မိုရာ့ကိုလဲ ဖိနှိပ်ထားလို့ရပြီ ဖြစ်သည်။

ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(Completed) Where stories live. Discover now