Part (30) Uni/Zawgyi

Começar do início
                                    

ခိုင်မြဲသည် ထူးမြတ်လင်းနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ရန်ကြီးကိုရည်ရွယ်ပြီးပြောလိုက်တာမို့ ရန်ကြီးဘီယာမော့ဖို့ပုလင်းကလေထဲတင်ရပ်သွား၏။

ရုတ်တရက်လည်းကိုယ့်ကိုယ်ကိုယ်မလုံမလဲဖြစ်လာရသည်။ အကြောင်းအရင်းကတော့သူတို့ထင်သလိုကိုယ်ဟာSingleဟုတ်မနေဘဲ ရည်းစားရှိနေပြီဖြစ်သောကြောင့်ဖြစ်၏။

ပြီးတော့တွဲနေတဲ့ရည်းစားကလည်း ကိုယ့်ဘေးကကောင်ရဲ့ညီမဆိုတော့ဘီယာမမူးသေးဘဲခေါင်းမူးလာတော့သည်။

ထိုစဥ် ဘောင်းဘီအိတ်ထောင်ထဲက ဖုန်းကတုန်လာတော့ရန်ကြီးလည်းဘီယာပုလင်းကိုစားပွဲပေါ်ပြန်ချပြီး အိတ်ထောင်ထဲကဖုန်းကိုနှိုက်ယူကာဖွင့်ကြည့်လိုက်သည်။

ရည်းစားသက်တမ်း၅ရက်ရှိပြီဖြစ်တဲ့ကောင်မလေးဆီကဖြစ်သည်။

•• ကိုကို ဘယ်မှာလဲ အိမ်ပြန်ရောက်ပြီလား••

ရန်ကြီးတစ်ယောက် ဘေးမှာခိုင်မြဲရှိနေတာမို့ တွယ်တာ့ဆီစာပြန်ဖို့ အဆင်မပြေဖြစ်နေသည်။
သို့သော် Reply မပြန်ရင် ဖုန်းပါချက်ချင်းခေါ်မယ့်ကောင်မလေးဖြစ်တာကြောင့် ရန်ကြီးလည်း ခိုင်မြဲမမြင်အောင်ဖုန်းကိုအောက်မှာဖွက်ပြီး စာပြန်လိုက်ပါသည်။

•• မရောက်သေးဘူး ဆိုင်မှာပဲရှိသေးတယ် တရုတ်ကြီးရှိလို့ဖုန်းမခေါ်နဲ့နော် အိမ်ရောက်ရင်ပြောမယ် ••

ရန်ကြီး စာပြန်ပြီး ဖုန်းကို စားပွဲပေါ်သို့တင်ကာ မှောက်ထားလိုက်သည်။

တွယ်တာ့ဆီစာပြန်ပို့နေတုန်းလွတ်သွားတဲ့စကားဝိုင်းကိုပြန်Joinဖို့ဟို၂ကောင်ပြောနေတာကိုပြန်နားထောင်နေရသည်။

>ကလင် >>

ထပ်ပြီးMessage ဝင်တဲ့ Noti တက်တော့ရန်ကြီး မှောက်ထားတဲ့ဖုန်းကို တစ်ချက်လှန်ကြည့်လိုက်တဲ့အခါ ဝင်လာတဲ့ကောင်မလေးဆီကစာ​ကိုဖတ်ပြီး ကြိတ်ပြုံးရတော့သည်။

•• ဖုန်းမဆက်ပါဘူးနော် ဒီတိုင်းကိုကို့ကိုလွမ်းတယ်လို့ပြောချင်လို့ ••

ဖုန်းကို စားပွဲပေါ်မှာပြန်မှောက်လိုက်ပြီး ပြုံးနေတဲ့နှုတ်ခမ်းတွေကိုစားပွဲပေါ်မှာတံတောင်နဲ့ထောက်ထားသောလက်များဖြင့်ကွယ်ထားလိုက်ရတော့သည်။

The Challenge of Love (OC)Onde as histórias ganham vida. Descobre agora