''ဟဲလို''

''အသံကဘာဖြစ်​​နေတာလဲ''

''ငိုနေတာ ဘာကိစ္စဖုန်းဆက်တာလဲ''

''မင်းကိုအကူအညီတောင်းမလို့''

''ဘာလဲပြော''

''ဘာလဲဆိုတော့...''

______________

နောက်နေ့မှာရောင်စဥ်တစ်ယောက်အနက်ရောင်ဖဲသားဂါဝန်မဝဲတဝဲလေးကိုဝတ်ဆင်ကာတံတိုင်းတို့အိမ်သို့ရောက်လာ၏။

သူမအိမ်ထဲသို့ရောက်လာချိန်တွင်တံတိုင်းတို့မိသားစုဝင်​တွေအပြင်ဓူဝံ ဟိန်းထွဋ်နဲ့သုသုအပါအဝင် ဟန်နီ့ကိုပါတွေ့လိုက်ရသည်။

တံတိုင်း သူမျှော်နေတဲ့သူကိုတွေ့လိုက်ရလို့ဝမ်းသာသွားပေမယ့်အတင်းဖုံးဖိဟန်ဆောင်ကာ

''ကဲ ရောင်စဥ်လည်းရောက်လာပြီဆိုတော့ ငါတို့လည်းတစ်ဝိုင်းခင်းရအောင် ငါအားလုံးပြင်ဆင်ထားပြီးပြီ''

''​ကောင်းသားပဲ''

ဤသို့ဖြင့်သူတို့ခြောက်ယောက်လ​ည်းခြံထဲကတံတိုင်းပြင်ဆင်ထားသောဝိုင်းဆီသို့ရောက်လာခဲ့ကြ၏။

ဓူဝံက

''ဟိန်းထွဋ်တို့များသွက်ချက် စုဗူးတောင်ရနေပြီ''

သူ့စကားကြောင့်ရောင်စဥ်ကတအံ့တသြနှင့်

''ဘာ ဘာစုဗူးလဲ''

''သူနဲ့သုသုလေ ဒီအပတ်တနင်္ဂနွေနေ့ကျရင်လက်ထပ်တော့မှာ သုသုမှာကိုယ်ဝန်ရှိနေပြီ''

''ဟမ်! ဘယ် ဘယ်တုန်းက''

သုသုကပြုံး၍

''မတော်တဆကနေခုလိုဖြစ်သွားတာပါ တွဲမိကြလို့တော့မဟုတ်ဘူး ပြီးတော့ ဟိန်းထွဋ်ဆီကနေငါအားလုံးသိပြီးပြီ အဲတုန်းကကိစ္စအတွက်တောင်းပန်တယ်နော် ငါလည်းအဲ့ကိစ္စမှာအလိုတူအလိုပါပဲဆိုတော့အရမ်းကိုအားနာမိတယ်''

''ရပါတယ်သုသု ဘာမှမဖြစ်ပါဘူး''

ရောင်စဥ် သူမနဲ့မျက်နှာချင်းဆိုင်ကတံတိုင်းကိုလှမ်းကြည့်ချိန်မှာ တံတိုင်းကသူ့ဘေးမှာထိုင်နေတဲ့ဟန်နီ့လက်ကိုဆုပ်ကိုင်ကာ

''ဟန်နီ အများကြီးမသောက်နဲ့နော် စိတ်ပူလို့''

သူတို့အပြုအမူကြောင့်အားလုံးတိတ်ဆိတ်သွားကြလေ၏။
ဟန်နီကဓူဝံ့ကိုအကဲခတ်ပြီးမှ

ရူးရူးမူးမူး...အချစ်ဦး[completed]Tahanan ng mga kuwento. Tumuklas ngayon