《12》

516 25 5
                                    

Unicode

ကျန့်ငယ်ကတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ သူသဘောကျတဲ့မီးပုံးမတွေ့မချင်းပတ်ရှာနေတော့သည်။နောက်ဆုံးမြတ်စွာဘုရားကပဲ သူ့ကိုသနားလို့လား ကွမ်ရင်မယ်တော်ကပဲ မျက်စိနောက်လုံးလားမသိ အခုသူတို့ရောက်နေတဲ့ဆိုင်မှာတော့ ကျန့်ငယ်ကသဘောကျတာတွေ့သွားတယ်ထင်တယ် အရင်ဆိုင်တွေလိုပတ်ကြည့်မနေတော့ပဲ သူ့လက်ကိုလာဆွဲပြီးဆိုင်အတွင်းထဲကယုန်လေးနှစ်ကောင်မြက်ခင်းပြင်ပေါ်မှာထိုင်နေပြီး တစ်ကောင်ကကျသူ့မျက်နှာချင်းဆိုင်ကယုန်လေးအစာစားနေတာကို ချစ်ရည်ရွှမ်းလဲ့နေတဲ့ မျက်ဝန်းညိုတွေနဲ့လှမ်းငေးနေပုံမှာ ပန်းချီကားလေးကိုမြင်လိုက်တာနဲ့အရမ်းချစ်ရတဲ့ချစ်သူစုံတွဲကိုကိုယ်စားပြုမှန်းသိသာသည်။တကယ်လက်ရာမြောက်လွန်းတယ်....။

"လူကြီးကြီးကျန့်ငယ်ကို ဒီမီးပုံးလေးဝယ်ပေးနော် ကျန့်ငယ်ယုန်လေးတွေကိုချစ်လို့ ....။"

"ကျန့်ငယ် ဒီဟာလေးယူမှာသေချာပြီလား သေချာရင်ကိုယ်လော့ပန်ဆီမှာငွေရှင်းတော့မလို။"

"အင်း ဒါလေးသေချာတယ်။ကျန့်ငယ် အရမ်းကြိုက်။"

ရိပေါ်လဲကျန့်ငယ်ကဒီမီးပုံးလေးကိုကြိုက်တာသေချာဟုတ်မဟုတ်အတည်ပြုပြီးတာနဲ့ လော့ပန်ဆီမှာငွေရှင်းဖို့ထွက်လာခဲ့တယ်။

"လော့ပန် ဒါလေးယူမယ်နော်ဘယ်လောက်ကျလဲဗျ။"

"ငွေ ၅ ဆကျပါတယ်သခင်လေး။"

ရိပေါ်ကငွေရှင်းပြီးတာနဲ့ကျန့်ငယ်ဆီပြန်ဖို့လှည့်လိုက်စဥ် လော့ပန်ဆီကစကားသံတစ်ချို့ထွက်လာတယ်။သူကြားလိုက်ရတဲ့စကားတွေကြောင့် ခုနကမတက်သာလို့ပြုံးထားရတဲ့အပြုံးကနေ စိတ်လိုလက်ရသွားတန်းဖွေးဖွေးညီညီလေးတွေပေါ်သွားတဲ့အပြင် သွားဖုံးရဲရဲလေးကပါဟန်မဆောင်နိုင်စွာ ထွက်ပေါ်လာခဲ့သည်။ဒီစကားတွေကြောင့် ရိပေါ်ကလော့ပန်ကိုကျေးဇူးတင်ဖို့လဲမမေ့ခဲ့ပါဘူး။

"ကျေးဇူးပါလော့ပန် ပြောပြတဲ့အတွက်။"

ရိပေါ်လဲမီးပုံးလေးကိုငွေရှင်းပြီးတာနဲ့ ကျန့်ငယ်ဆီပြန်လာခဲ့တယ်။ရိပေါ် ကျန့်ငယ်အနားတောင်မရောက်သေးဘူးကျန့်ငယ်ကသူဆီဦးအောင်ပြေးလာပြီး သူ့လက်ထဲကမီးပုံးလေးကိုလာယူသွားသည်။

。⁠♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡⁠。Where stories live. Discover now