《4》

494 27 0
                                    

Unicode

"အဟမ်း"

ရှောင်းကျန့်နောက်ကချောင်းဟန့်သံကြားလို့ ဘယ်သူများလဲလို့လှည့်ကြည့်တော့ လူကြီးကြီးဖြစ်နေတယ်။ရှောင်းကျန့်လဲဝမ်းသာသွားပြီး အတင်းနာမည်ခေါ်ပြီးခုန်ဖတ်လိုက်တယ်။သူအရမ်းပျော်လို့ပါ။

"လူကြီးကြီးးးးး"

ရိပေါ်သူ့ဆီဇွတ်အတင်းခုန်ဖတ်လိုက်တဲ့ရှောင်းကျန့်ကြောင့်ဟန်ချက်ပျက်မလိုဖြစ်ပြီးအနည်းငယ်ယိုင်သွားတာကလွဲရင် မလဲသွားလို့တော်သေးတယ်။မဟုတ်လို့ကတော့ သူ့လူတွေနဲ့အပျိုတော်တွေရှေ့ဒီဟာလေးကြောင့်သူလိုအိမ်ရှေ့စံရဲ့အရှက်လဲကုန်းကောက်စရာတောင်ကျန်မယ်မထင်တော့ဘူး။

"ဘယ်လိုဖြစ်လို့ အလျင်လိုနေတာလဲမတော်တဆပြုတ်ကျမှဖြစ်အနာတရတွေဖြစ်ကုန်ရင်မလွယ်ဘူးလေ မင်းလေး"

"လူကြီးကြီးကဖမ်းနိုင်မယ်ဆိုတာ ယုံကြည်လို့ပေါ့လို့ပြောရင်းအရိုးခံမျက်လုံးဝိုင်းလေးများဖြင့်ပြူးကြောင်ကြောင်လေးကြည့်နေမိသည်။"

သူ့ကိုတကယ်အားကိုးပြီးယုံကြည်တဲ့အကြည့်တွေနဲ့ရွှမ်းဝေစွာပြူး၍ကြည့်နေပုံက တကယ်ကိုမှအပြစ်ကင်းစင်ပြီးချစ်စရာကောင်းလွန်းတယ်။ဆုံးမမဲ့စကားတွေတောင်လည်ချောင်းထဲပြန်ဝင်နှာခေါင်းကနေတဆင့် အငွေ့အဖြစ်ပျောက်ကွယ်သွားတယ်။

"ဟင်းးးမင်းကိုယ်တော့်ကို ဒီလိုမျက်လုံးတွေနဲ့ကြည့်နေမှတော့ ကိုယ်တော်ဘယ်လိုဆူရက်မလဲကွာ"

"ဒါဆိုလဲမဆူနဲ့တော့လေ အခုလိုရောက်လာမှတော့ကျွန်တော်နဲ့အတူစိတ်ပျော်စရာတစ်ခုခုဖန်တီးကြရင်မကောင်းဘူးလား။"

"ခဏလေးနေပါအုံးဗျာ မင်းလေးဆီကိုယ်တော်လာရတဲ့အကြောင်းရင်းကိုအရင်ဆုံးပြောပါရစေ ဟုတ်ပြီလား"

"ဒါဆိုလဲမြန်မြန်ပြော ဒီမှာပျော်စရာတွေကိုဖန်တီးဖို့မစောင့်နိုင်တော့ဘူး"

"ရော့ ကိုယ်တော်ကဒါလေးပေးမလို့ မင်းလေးကိုယ့်ကိုယုံကြည်လို့ရပြီနော်"

ရိပေါ်ကမထိပြုံးလေးပြုံးပြီး ကျွန်းသေတ္တာဘူးလေးကိုပေးလိုက်တော့ ဟိုဟာလေးကအရမ်းကိုသိချင်နေတဲ့မျက်လုံးလေးနဲ့လက်ကလဲချက်ချင်းကိုဆွဲယူသွားတာ
ဘယ်လိုဟာလေးလဲမသိ။

。⁠♡ မထင်မှတ်ထားသော အချစ်ကံကြမ္မာ ♡⁠。Where stories live. Discover now