💌(12) - zawgyi

Start from the beginning
                                    

တစ်ခါတစ်လေကျတော့....
အင်းးး Rikuနဲ့သူ့ကောင်မလေး Hanaတို့အခန်းရှေ့မှာ နမ်းနေကြတယ်။Daeyoungပြန်လာတာကို မြင်ရင် Rikuက Hanaလက်ကိုဆွဲပြီး အပြင်ကို ထပ်ထွက်သွားတယ်။

Daeyoung မှာ ဂီတာတစ်လက်ရှိတယ်။ရေးထားတဲ့ သီချင်းစာသားတွေလဲရှိတယ်။ဒါပေမယ့် သံစဉ်မညှိရသေးတဲ့ မပြီးပြတ်သေးတဲ့စာသားတွေ။
ဝရံတာကနေ လှမ်းမြင်နေရတဲ့ကောင်းကင်ကြီးက နေဒဏ်ကြောင့် ဝမ်းနည်းလွန်းလို့ နီရဲနေရှာတယ်။Daeyoungလဲ တစ်ယောက်ထိုင် ဆိုဖာခုံလေးကို ဝရံတာတံခါးပေါက်ဝထားပြီး ဂီတာကြိုးကို စညှိလိုက်တယ်။ဘေးအခန်းမှာ Riku ပြန်ရောက်နေပြီ။

"အချစ်သစ်နဲ့တွေ့တော့ သံစဉ်အသစ်တွေတောင်ထွက်နေပြီပဲ"

Energy drink တစ်ဗူးဖောက်ပြီး ဝရံတာကနေပဲ Rikuက စကားလှမ်းပြောတယ်။တကယ်ဆို သူတို့နှစ်ယောက်က ရန်ဖြစ်ထားတာမဟုတ်ဘူး ဒါပေမယ့် သူငယ်ချင်းလားဆိုတော့လဲ မဟုတ်ပြန်ဘူး။အရင်ကလို ဆက်ဆံရေးမဟုတ်ရတာဟာ သူတို့နှစ်ယောက် စကားသေသေချာချာမပြောဖြစ်လို့ပဲ။

"မဟုတ်ဘူး ဒါအရင်က သံစဉ်ပဲ ငါထုတ်မတီးဖြစ်တာ"

"မင်းအရင်က စန္ဒယားတီးချင်တာမဟုတ်ဘူးလား"

Rikuက သူ့လက်ထဲက အပိုယူလာတဲ့ energy drink ကို Daeyoung ပါးပေါ်ကပ်လိုက်တယ်။အေးစက်တဲ့အထိအတွေ့ဟာ အခုသူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးလိုပဲ။

"ငါ ဒီမှာထိုင်မယ် ရလား"

Daeyoung က ခေါင်းညိမ့်ပြတော့ Riku က Daeyoung ထိုင်ခုံဘေးက ကြမ်းပြင်ပေါ် တင်ပျဉ်ခွေထိုင်တယ်။

"စန္ဒယားက သယ်ရတာ မလွယ်ဘူးလေ ကြီးပြီးတော့ဝန်များတယ်"

"အော်"

Daeyoung က ညှိပြီးသား ဂီတာကြိုးကိုပဲ ဆက်ညှိနေတယ်။

"မင်း ပါ‌မောက္ခရဲ့ သမီးနဲ့ တွဲနေတာလား"

Rikuမျက်ဝန်းဝိုင်းတွေက တောင်းဆိုနေတယ်။မျော်လင့်ထားတဲ့အဖြေတစ်ခုခုကို ‌ပေးဖို့တောင်းဆိုနေတယ်။

"ဟင့်အင်း ငါသူ့ကို ဂိုက်ပြပေးနေတာ ကိုရီးယားဘာသာစကား"

Rikuဟာ သက်ပြင်းဖွဖွချတယ်။Rikuနားလည်လိုက်တာဟာ သူနဲ့Daeyoungတို့စကားများများပြောဖို့လိုတယ်။အစက ထင်ခဲ့မိတာက သူတို့ဟာကလေးတွေမဟုတ်တော့တဲ့အလျောက် ကာတွန်းကားအကြောင်းတွေ ဂိမ်းအကြောင်းတွေမပြောဖြစ်ကြတော့ဘူး။အဲ့တာဆို သူတို့ဘာအကြောင်းကို ပြောကြမှာလဲ။ကောင်မလေးအကြောင်းလား စာအကြောင်းလား။အဲ့ဒီအကြောင်းအရာတွေဟာ ပြောဖြစ်ဖို့ ရာခိုင်နှုန်းအရမ်းနည်းတယ်။စကားတွေလွန်ပြီး ဟိုနေ့ညလို သူတို့ရန်ထပ်ဖြစ်မိမှာ ကြောက်နေခဲ့တယ်။

SILENCEWhere stories live. Discover now