💌(12) - zawgyi

Start from the beginning
                                    

ညနေ၃နာရီ။နွေရာသီမို့ နေက ကျစ်ကျစ်တောက်ပဲ။ဂျပန်ကိုစရောက်ချင်းကလဲ ဒီလိုရာသီမျိုးမှာ။နေကပူရတဲ့အထဲ လေပူတွေတိုက်ပြီး နားညီးခဲ့ရသေးတယ်။၂၀၀၀ခုနှစ်မှာ ကမ္ဘာပျက်ဖို့အကြောင်းကို အားတက်သရောပြောနေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိခဲ့တယ်။

အင်ဂျင်နီယာကျောင်းသားတွေ အလျှိုလျှိုနဲ့ ကျောင်းဆောင်ထဲက ထွက်လာကြတယ်။Daeyoungက သစ်ပင်ရိပ်အောက်မှာ ပါမောက္ခနဲ့အတူ ရပ်စာင့်နေတယ်။Daeyoungပုံစံဟာ သာမာန်ကြည့်လိုက်တာနဲ့တောင် သပ်ရပ်ကျော့ရှင်းနေတဲ့ သူဌေးသားရုပ်ပဲ။အဝတ်အစားကသာမာန်ပါပဲ။တီရှပ်အဖြူပေါ် ဂျင်းအင်္ကျီထပ်ဝတ်ထားရုံတင်။မျက်မှန်ဝိုင်းကတော့ အပိုလက်ဆောင်ပေါ့။

လှမ်းမြင်နေရပါပြီ။တောက်ပတဲ့အပြုံးနဲ့ Maeda Riku။
အဖြူအမဲအစင်းကြား တီရှပ်နဲ့ ဒူးအောက်ထိရှည်တဲ့ ဘောင်းဘီတိုအပွကိုဝတ်ထားတယ်။ပူလာရင် လက်ရှည်မဝတ်တာRikuသဘာဝပဲ။အသားအရည်တွေနေလောင်မှာစိုးလို့ လက်ရှည်ဝတ်ခိုင်းရင်တောင် အဲ့ငနဲက ဝတ်ချငိတာမဟုတ်ဘူး။
Rikuဘေးက Hanaက အပိုလက်ဆောင်ပေါ့။

"Daeyoung ဒါက ဆရာ့သမီး Ami တဲ့"

ပါမောက္ခရဲ့သမီးဆိုသူက ဆံပင်ကေတိုနဲ့ ယောင်္ကျားလျာလိုပဲ။ဒါပေမယ့် ကော်လံပါတီရှပ်အဖြူလက်ရှည်က ဖြူဖွေးနေတဲ့အသားကို ထပ်ဆင့်‌ဖြူဖွေးသွားစေသလို။နှုတ်ခမ်းပေါ်စိုးထားတဲ့ နှုတ်ခမ်းနီဟာ နီရဲမနေဘဲ ပန်းဆီရောင်သန်းနေတယ်။

"ဒါက သမီးရဲ့ကိုရီးယားဘာသာစကားဆရာပဲ"

"တွေ့ရတာ ဝမ်းသာပါတယ်ဆရာ"

သူမက စာအုပ်‌တစ်ပွေ့တစ်ပိုက်ကြီးနဲ့ကို Daeyoung နဲ့လက်ဆွဲနှုတ်ဆက်ဖို့ လက်လှမ်းပေးတယ်။

"အော် ဟုတ်ကဲ့ဗျ Daeyoung လို့ပဲခေါ်ပါ"

မိတ်ဆက်အပြီးမှာ Daeyoung မျက်ဝန်းတွေဟာ တစ်ဖက်က ဖြတ်လျှောက်သွားတဲ့ Rikuဆီကို ရောက်သွားတယ်။Rikuကလဲ Daeyoung ကို ကြည့်နေတယ်။ပြီးတော့ ပြုံးတယ် Hanaလက်ကို ကိုင်ပြီး ထွက်သွားတယ်။

Daeyoung က ည၇နာရီအထိ Ami ကို ဂိုက်ပြပေးရတယ်။အဲ့အချိန်တွေဆို တစ်ခါတစ်လေ Rikuပြန်ရောက်နှင့်နေပြီ။တစ်ခါတစ်လေတော့ ပြန်မရောက်သေးဘူး။ပြန်ရောက်နှင့်ရင် အသံတွေစုံနေအောင်ကြားရတတ်တယ်။ညစာပြင်ဖို့ အိုးခွက်ပန်းကန်သံတွေ ဂတ်စ်ဖိုဟာ မီးမတောက်လို့ ညီးညူးနေသံတွေ။

SILENCEWhere stories live. Discover now