Final part(Unicode)

Start from the beginning
                                    

မြပိုးနွယ်သိနေတာပေါ့ သူ့ယုတ်မာခဲ့တာမို့
ဒီတစ်ယောက်က သူနဲ့ပတ်သတ်တာကိုလည်းဂရုစိုက်မှာမဟုတ်ဘူး မိဘတွေရှေ့မှာတော့
ကိုယ်ဝန်အပ်တဲ့အချိန်တွေအတူတူရှိတယ်လို့ လိမ်ညာ‌ခဲ့ပေမယ့် တကယ်တမ်းတော့ တစ်ယောက်ဘဲ သွားလာခဲ့ရတာ။

ခလေးမွေးတဲ့ အချိန်မှာလည်းခလေးက သူနဲ့သွေးတွေကပါလာတူနေတာကြောင့် ဘာမှဝေခွဲ၍ မရနိုင်ခဲ့ပေ။

မွေးတာကလည်း သားလေးဖြစ်တဲ့အပြင် သူနဲ့လည်း မရင်းနှီးခဲ့ပေ။
ဒါပေမယ့် ထူးဆန်းစွာဘဲ ခလေးက အာရုံကြောတွေမကောင်းတာမို့ တစ်ချက်တစ်ချက် ထအော်ပြီး စိတ်ရူးဖောက်တက်သေးတာ။ပြောရမယ်ဆိုရင် အာရုံကြော်ချို့တဲ့နေတာပါ။

"အား အင်း ဖယ် ဖယ် "

"ဇွဲ သား မဆိုးရဘူးလေကွာ မေမေပြောနေတယ်လေ "

"အင့် အဟင့် ဖယ်လို့ ဒီမှာမဆော့ချင်ဘူး အီးဟီး "

"ရှင်နည်းနည်းပါးပါးဝင်ကူဖို့မစဉ်းစားဖူးလား"

"နေပါအုန်းကျုပ်ကမင်းခလေးရဲ့အဖေလား မင်းခလေးကရော ကျုပ်ကိုချစ်ရဲ့လား"

အမြဲ ဒီစကားတစ်ခွန်းနဲ့ဘဲ အချိန်ယူလာတာ ခလေးသုံးနှစ်ပြည့်တဲ့အချိန်အထိပေါ့။

"အခုချိန်မှာ ရှင်ဒါတွေပြောနေလို့ ဘာထူးမှာလဲ ရှင်ပြောတဲ့ အမှန်တရားကလည်းဘယ်အချိန်မှပေါ်မာမို့လို့လဲ ကောင်းကောင်းနေလို့ရတဲ့ဘဝမှာကောင်းကောင်းနေစမ်းပါ "

"နေပါအုန်း ကျုပ်ကအရင်က သူတောင်းစားဖြစ်နေခဲ့လို့လား ကျုပ်ဘာသာ သာယာနေတဲ့နေရာမှာ ခင်များကြောင့်သာ ဘဝပျက်ခဲ့တာဗျ ခင်များကသာ ကျုပ်မရှိရင် သူခိုးဂျပိုးနဲ့ညားမယ့်သူလေ"

"ရှင်တော်တော့နော် ကျွန်မအရှက်ကိုဒီအထိဘဲခွဲ ကျွန်မသည်းမခံနိုင်ဘူး"

"အရှက်ခွဲရအောင် ခင်များက အရှက်ရောရှိရဲ့လား "

"ဒီ!!"

လက်ရွယ်လာတဲ့ မြပိုးနွယ်ရဲ့လက်ကို အမြန်‌ဖမ်းလိုက်ပြီး သူ့ဘက်က ထပ်ရွယ်လိုက်ပေမယ့် ဘယ်လောက်ဘဲ စိတ်တိုတို မိန်းကလေးတစ်ယောက်ကို ရိုက်ရလောက်အောင်အထိ သူသတ္တိမရှိဘူး။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now