ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Start from the beginning
                                    

"ပြီးတော့ ခရမ်းချဉ်သီးနဲ့ကြက်ဥဟင်းရည်ရောပဲ"

လျန်ချိုးက အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့ ကျွန်တော် စားဖိုဆောင်ကို လုပ်ခိုင်းလိုက်ပါ့မယ်။" ပြောကာ သူက အိပ်ခန်းထဲမှ အမြန်ထွက်သွားလေသည်။

မကြာမီပင် သူ့ခြေသံများကို မကြားရတော့ပေ။ ချီချန်အန်းက Brighton ဟိုတယ်ရှိ တိုက်ခန်းတွင် နေလေသည်။ အတွင်းခန်းမှာ ကျယ်ဝန်းလှပြီး ပရိဘောဂအနည်းငယ်သာရှိသဖြင့် အင်မတန်မှ လစ်ဟာနေသလို ထင်ရသည်။ တိတ်ဆိတ်နေသည့်အခါတွင် အလယ်ဗဟိုမှ အဲကွန်းသံကိုပင် နားစွန်နားဖျားကြားနိုင်လေသည်။

သူက မျက်လူံများကိုမှိတ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာမှာ ပြန်ဖွင့်လိုက်ကာ သူပလက်ထဲတွင်မူ ဖုန်းကို ကိုင်ထားလေသည်။ ဖုန်းစခရင်ကိုဖွင့်လိုက်သည်နှင့်၊ အသေအချာကိုပင်၊ ရွှီလော့ယန်က သူ့အားမက်စေ့ပို့ထားခဲ့၏။

"ချန်အန်း ဒီနေ့က အရမ်းအေးတာပဲ ကျွန်တော်နှင်းကျမယ်လို့ ခန့်မှန်းထားတယ် ဒါပေမယ့် ဒါရိုက်တာချူးက နှင်းတွေကြားထဲ ရိုက်ကူးရေးလုပ်ရမှာကောင်းတာပေါ့ ပိုက်ဆံကုန်သက်သာတယ်တဲ့ မင်း ညစာရော စားပြီးပြီလား အစားအစာကို ပူပူလေးစားဖို့ မမေ့နဲ့နော် မဟုတ်ရင် မင်းဗိုက်နာလိမ့်မယ် ခဏနေ ငါဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာဆီဇာတ်ညွှန်းအကြောင်းပြောဖို့ သွားရဦးမယ်။ ဒါရိုက်တာချူးက တအားကြောက်ဖို့ကောင်းတာပဲ QAQ"

ထိုမက်ဆေ့ချ်အား ဆယ့်နှစ်ကြိမ်မျှ အကြိမ်ကြိမ်ကြိမ်အခါခါ ပြန်ဖတ်နေပြီးနောက်၊ ချီချန်အန်းမှာ မိန်းမောနေမိကာ၊ ရွှီလော့ယန်မှာ သူ့ဘေးနားတွင် ရပ်နေပြီး ထွက်မသွားသေးသကဲ့သို့ ခံစားလိုက်ရသည်။

လက်စသတ်တော့ ဒီကမ္ဘာကြီးပေါ်မှာ အထီးကျန်မှုတစ်မျိုးတည်းသာ ရှိသည်ပင်။ ထို့ပြင် ယင်းမှာ 'မင်း ငါ့အနားမရှိသည့်အချိန်'တွင်သာ။

သူ သူ့ကို လွမ်းတယ်။

ချီချန်အန်းက အချိန်ကို ခန့်မှန်းလိုက်သည်။ ရွှီလော့ယန်က ဇာတ်ညွှန်း‌အကြောင်းဆွေးနွေးနေဆဲဖြစ်နိုင်ပြီး သူ့ဖုန်းခေါ်ဆိုမှုကို မကိုင်နိုင်လောက်သေးပေ။ စဉ်းစားကြည့်ပြီးနောက် သူကထကာ ရေချိုးလိုက်ပြီး ညစာစားလိုက်လေသည်။ နှစ်မျိုးလုံးလုပ်ပြီးသွားသော်လည်း အချိန်မှာ မိနစ်ငါးဆယ်သာ ကုန်သေးသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now