ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Start from the beginning
                                    

မှန်ထဲတွင် သူ့ကိုယ်သူကြည့်ကာ၊ သူ့ကိုယ်ပေါ်တွင် အနည်းငယ်ချောင်ချိနေသော နဂါးဝတ်ရုံကိုကြည့်ရင်း ရွှီလော့ယန်က ချီချန်အန်းပြောခဲ့တာကို စိတ်ထဲတွင် ပြန်လည်ရေရွတ်နေမိသည်။

ဇာတ်ကောင်အတွက် ပေးဆပ်ရသည်မှာ ဖြစ်သင့်၏။

သို့သော်လည်း သူက တကယ်၊တကယ်ကြီးကို အသားစားချင်မိ‌သည်။

Bမြို့။

ချီချန်အန်းက မှောင်ရိပ်သန်းသည့်အချိန်မှ နိုးလာလေသည်။ နေ့လယ်က သူ့ဝမ်းဗိုက်မှာ နာကျင်လာသည်မှာ သူ့အနေနှင့် ဆန့်တငင်ငင်ဖြစ်ကာအကြောဆွဲပြီး မေ့မျောသွားရသည်အထိပင်။ သူ့မျက်လုံးများကိုဖွင့်လိုက်သည့်အခါ သူ့ညာဘက်မျက်လုံးက ထပ်မံ၍ အမြင်အာရုံပျောက်ဆုံးသွားတာကို သိလိုက်ရသည်။ သူ့အနေနှင့် ဖြစ်နေကျဖြစ်ကာ၊ ခဏသာကြာမည်ကိုသိသော်လည်း စိတ်ထဲတွင် ထိတ်လန့်မှုလှိုင်းလုံးများ ဆန်တက်လာလေသည်။

သူ့နံဘေးတွင် တစ်စုံတစ်ယောက်ရှိနေတာကို သတိထားမိသဖြင့် မသိလိုက်ဘာသာနှင့် သူက "လော့ယန်..." ဟု ခေါ်မိလိုက်သည်။

"သခင်လေးချီ ကျွန်တော် လျန်ချိုးပါ"

"မင်းပဲ"

ချီချန်အန်းက ပက်လက်လှဲနေကာ သူ့အဝတ်များက ချွေးစေးများနှင့် ရွဲနစ်နေလေသည်။ ခက်ခက်ခဲခဲဖြင့် အားထုတ်ကာ ထိုင်လိုက်ပြီးနောက်၊ သူက ညွှန်ကြားလိုက်သည်။

"သွားပြီးတော့ ရေဖြည့်ထားပေး ငါ ရေစိမ်ချင်တယ်။"

လျန်ချိုးက နာခံလိုက်ပြီး ထပ်မေးလာခဲ့သည်။

"တစ်ခုခုရော စားချင်သေးလား ကျွန်တော် စားဖိုဆောင်ကို လုပ်ခိုင်းလိုက်မယ်"

ချီချန်အန်းထံမှ အငြင်းစကားသာကြားရလိမ့်မည်ဟု သူထင်နေချိန်တွင် ပြန်ပြောသံကို ကြားလိုက်ရသည်။

"ခရမ်းချဉ်သီးနဲ့ကြက်ဥမွှေကြော်လုပ်ပေး"

ချီချန်အန်းက ပြောနေရင်းခဏလောက်ရပ်သွားကာ သူ့လေသံကလည်း အနည်းငယ်နူးညံ့သွားလေသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now