"antonပြန်တော့မှာလား အစောကြီးရှိသေးတာကို"
soheeက သူမေးတာကို ချက်ချင်းပြန် မဖြေပဲ ပြန်ဖို့ အထုတ်ကိုသာ စွတ်ပြင်နေသူကို ကြည့်ပြီး သက်ပြင်းချသည်။
"အရင်တုန်းက ကုတ်နဲ့ကော်ထုတ်ရင်တောင် ရုံးက မပြန်ချင်တဲ့ကောင်က ခုတော့ စကားတောင်ပြန်မပြောနိုင်တော့ဘူး"
"ဘယ်တူမလဲကွ ခု ငါကအရင်လို လူပျိုမှ မဟုတ်တော့တာ hyungက ငါမရှိရင် အိမ်မှာ တစ်ယောက်ထဲ ပျင်းနေမှာ"
antonပြောလိုက်တော့ soheeက မနိုင်ဘူး ဆိုသောပုံစံဖြင့် ခေါင်းတစ်ခါခါလုပ်ပြတော့ antonပခုံးသာ တွန့်ပြလိုက်သည်။
တကယ်လဲ hyungက တစ်ယောက်ထဲဆို နည်းနည်းကြောက်တတ်တာကို hyungနဲ့ အတူအိပ်တဲ့ ပထမဆုံးညထဲက သူသတိထားမိတာ။ antonဘယ်လောက်ပဲ သူ့ဘက်ကိုပြန်ပို့ပို့ antonရဲ့ ရင်ခွင်ထဲကိုသာ ပြန်ပြန်ပြီး တိုးဝင်လာတတ်တဲ့ hyungက တကယ့် ကြောင်လေးပဲ။
wonbinအကြောင်း စဥ်းစားမိသွားတော့ antonနှုတ်ခမ်းက အလိုလို ပြုံးမိသွားသည်။
ခဏလေး မတွေ့ရတာတောင် သတိရလိုက်တာ hyungရာ....
anton အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ hyungကို မတွေ့တာကြောင့် အိပ်ခန်းထဲဝင်ကြည့်လိုက်တော့ အိပ်ခန်းထဲမှာ စောင်လေး ခေါင်းမြီးခြုံပြီး ထိုင်နေတဲ့ hyung။
ဒီလေါက်ပူနေတာကိုတောင် စောင်ခြုံနိုင်သေးတယ် hyungကတော့..
anton ခေါင်းပေါ်မှာ အုပ်နေတဲ့စောင်လေးဆွဲခွါလိုက်တော့ wonbinက သူဝင်လာတာ အခုမှ သိပုံဖြင့် မျက်လုံးလေးပြူးကာ လှည့်ကြည့်လာသည်။
"ပူက ပူနဲ့ hyungရာ...ဘာလို့ စောင်ကြီး ခြုံထားရတာလဲ"
antonကို မြင်တော့ မှိုင်းနေတဲ့ wonbinမျက်လုံးလေးက သိသိသာသာတောက်သွားပြီး antonအထင် မျက်ရည်လေးတွေပါဝဲလာသလို။
wonbinက anton မျက်နှာကိုကြည့်နေရာက antonကို ရုတ်တရက် ဖက်လိုက်ပြီး ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လာတာကြောင့် anton စောင်ပုံထဲက wonbinကိုယ်လေးကို ထွေးပွေ့လိုက်မိသည်။"hyung ကြောက်နေခဲ့တာလား"
"......"
wonbinဆီက ဘာအသံမှ ထွက်မလာပဲ ကိုယ်လေးသာ တစ်သိမ့်သိမ့်တုန်လာတာမို့ wonbinငိုနေမှန်း antonသိလိုက်ပြီး wonbin ကိုယ်လေးကို ပိုတိုး ဖက်လိုက်သည်။