"ဆရာမလေး ဆရာမ‌အဆင်ပြေလား"

"ဘယ်ပြေမလဲရှင် ယောင်္ကျားဖြစ်ပြီးတာဝန်မယူတက်တဲ့လူနဲ့ ဒီလိုတွေဖြစ်ပျက်ခဲ့တာ ဘယ်လိုဖြစ်ပြီးအဆင်ပြေမလဲ "

မြပိုးနွယ်ရဲ့ စကားက ဘာကိုဦးတည်နေလဲဆိုတာ‌ကိုတော့ နည်းနည်းလေးတော့ နားလည်လာမိ၏။
သို့ပေမယ့် ဒီကိစ္စ မှာဘာလို့ ကျွန်တော်က ကြားညှပ်နေရတာလဲ။

"ရာချီရာ မင်းငါတို့ရွာသားဖြစ်နေပြီးတော့ အောက်တန်းကျရလားကွ "

"ရာချီ ဒကာလေး ချစ်ပြီးကြိုက်ပြီးလို့သဘောဆောင်ခဲ့ကြပြီဘဲ မိန်းကလေးတစ်ယောက်ကို တာဝန်ယူနိုင်ရမယ်လေကွယ့်"

"ရာချီဒွေး မင်းတကယ်မထင်ရပါလား"

"အရက်သောက် ကြက်တိုက်တာနဲ့တင်လုံလောက်ပြီလေ ဘယ်လို မိန်းမတစ်ယောက်ကို စော်ကားရဲရတာလဲ"

မျက်လုံးတွေက အားလုံး ရာချီ့ထံသို့ ကျရောက်နေခဲ့ပြီး အပြစ်စကားတွေကလည်း တစ်ယောက်တစ်ခွန်းစီနဲ့ဟလာကြ၏ ကာရကံရှင်ကတော့တကယ်ဘဲ ဘာတွေဖြစ်နေလဲနားမလည်နိုင်တော့ပါ။

သို့ပေမယ့် ဒီအခြေအနေက ဘယ်လိုရုန်းထွက်ရမလဲ။

"ကျွန်တော် ခင်များတို့ကို ဘာလုပ်ခဲ့လို့လဲ"

"မင်းကွာ ယောင်္ကျားဖြစ်ပြီးယောင်္ကျားစကားပြောစမ်း"

ရုတ်တရက် အဖေ့စကားကလည်းခက်ထန်လာခဲ့၏

"ဆရာမလေးမှာမင်းနဲ့ရတဲ့ ခလေးရှိနေတာတောင် မင်းက ရှောင်ပြေးချင်နေတာဟုတ်လား"

"ကျွန်တော်နဲ့ရတဲ့ခလေးဟုတ်လား ဒီကမြပိုးနွယ်မှာ ကျွန်တော်နဲ့ရတဲ့ခလေးရှိတယ် ဘယ်လိုတောင်မဖြစ်နိုင်ရတာလဲ"

အခုချိန်မှာ သိလိုက်ရတာက လူစိတ်ကခန့်မှန်းလို့မရဘူးဆိုတာဘဲ ။
မြပိုးနွယ်ရဲ့ မျက်လုံးတွေကလည်း မနည်းတင်းမာနေထားပေမယ့် ဟန်ဆောင်နေတာဆိုတာကိုရာချီလုံးဝမြင်နိုင်သည်။

ဘယ်လိုဖြစ်လို့ မင်းရဲ့ပစ်မှတ်က ငါဖြစ်သွားရတာလဲ။ပိုဆိုးတာတွေမဖြစ်လာခင်ထိတော့ရာချီ စိုးရိမ်စိတ်မရှိသေးခဲ့ အမှန်တရားက ကိုယ့်ဘက်ပါလာနိုင်တာဘဲလေ။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now