ဝိန်းရိဖန်ဆိုသည်မှာ စန်းရန်အ​ပေါ် ထိခိုက်နာကျင်​စေမှုများကို သယ်ဆောင်လာသည့်တစ်​ယောက်။

ထို့​ကြောင့် အဖိုးတန်လှ​သော သူ့အမှတ်တရမှတ်ဥာဏ်များထဲတွင် သူမကဲ့သို့​သောလူတစ်ဦးက ​နေရာယူထားဖို့ရာ လုံးဝလုံးဝမထိုက်တန်ပါ​ချေ။ သူ့အတွက် သူမဟာ အ​ရေးမပါ အရာမ​ရောက် မထင်မရှားလူသားတစ်ဦးပင်ဖြစ်သင့်ကာ ထိုကျန်ရစ်​နေခဲ့​သောအတိတ်မှ​ခြေရာများအားလုံးကိုလည်း အခြား​သောသူတစ်​ယောက်​ယောက်က လမ်းတစ်​လျှောက်စာလုံး ဖုံးအုပ်​​ပေးသွားလိမ့်ဦးမည်။

သူမ၏အထင်အမြင်ထဲတွင် သူမဆိုသည့်လူတစ်​ယောက်က ဤကဲ့သို့သာတည်ရှိသင့်​သော​သောသူ။

သို့​သော် ဤအပိုင်းအခြား​လေးတွင်​တော့ ဝိန်းရိဖန်က အစစ်အမှန်များကို အမှန်တကယ်နားလည်လိုက်ရ​တော့၏။

ကြည့်ရသည်မှာ သူမထင်ထားသလိုမျိုး ဟုတ်ပုံမရ။

သူသည်လည်း မတူညီ​သောလူ​ပေါင်းများစွာဖြင့် ​တွေ့ကြုံဆုံစည်း​ဝေးကွာခဲ့ခြင်းမျိုး ရှိ​ကောင်းရှိပါလိမ့်မည်။

သူမ​အ​ပေါ်ထားရှိခဲ့ဖူးသည့် သူ့ခံစားချက်များသည်လည်း ​မှေးမှိန်​ကောင်းမှေးမှိန်သွားပါလိမ့်မည်။

သို့​သော် သူဟာ တစ်ချိန်လုံး သူမကို ​မေ့မပစ်ခဲ့ခြင်းပါ​ပေ။

ဤမျှကြာရှည်ခဲ့ပြီးသည့်နှစ်များအတွင်း အရာအားလုံး​ပြောင်းလဲ​နေပါသည့်တိုင်။

'ကိုယ်က​တော့ အခုချိန်ထိ မင်းတစ်​ယောက်တည်းကို သ​ဘောကျ​နေဆဲပါပဲ.....'

ဝိန်းရိဖန် မျက်​တောင်မခတ်တမ်းဖြင့် စန်းရန်အား ​ငေးကြည့်​နေမိ၏။

ရုတ်တရက်ဆိုသလို အလွန်တရာကိုမှ​မျှော်လင့်မိလိုက်သည့် ဆု​တောင်းမှာ လူတစ်​ယောက်၏မှတ်ဥာဏ်များကို ရုပ်ရှင်ဇာတ်ကားတစ်ခုသဖွယ် အကန့်တစ်ခုချင်းစီအဖြစ် ခွဲခြမ်းခွင့်ရလိုခြင်းပါ​ပေ။ အကယ်၍သာဖြစ်နိုင်ခဲ့လျှင် ဤမြင်ကွင်းအကန့်​လေးအား တစ်သက်စာလုံးအတွက် သိမ်းထားချင်မိသည်။

First Frost [ ဘာသာပြန် ]Where stories live. Discover now