အပိုင်း ၁

552 32 2
                                    

anton ရှေ့မှာ ချထားတဲ့ ကော်ဖီခွက် ကိုယူကာ တစ်ကြိုက်မော့သောက်မယ် လုပ်တော့ ကော်ဖီက တစ်စက်တောင်မရှိတော့။

အော်......... သုံးခွက်မြောက်ကော်ဖီတောင် ကုန်သွားပြီပဲ။

antonဘေးက ဖြတ်သွားတဲ့ waiter မ လေးကို လှမ်းခေါ်လိုက်ပြီး ကော်ဖီတစ် ခွက် ထပ်မှာလိုက်တော့ ကောင်မလေးက antonကို လူထူးလူဆန်း တစ်ယောက်လို ကြည့်သည်။

"အကိုက ကော်ဖီ အရမ်းကြိုက်ပုံပဲနော်"

ကောင်မလေးရဲ့ စကားကို anton အောင့်သက်သက် ဖြင့်သာ ခေါင်းငြိမ့် အတည်ပြုလိုက်မိသည်။

ကော်ဖီကို ကြိုက်လို့သောက်နေတာ မဟုတ်ပဲ ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်ကို စောင့်ဖို့ အတွက် စိတ်ကိုအတက်နိုင်ဆုံး ဆွဲဆန့်ဖို့ သောက်နေရတာဖြစ်ကြောင်းကိုတော့ မပြောဖြစ်ခဲ့။

antonလက်က နာရီကို တစ်ချက်ကြည့်
လိုက်တော့ နာရီလက်တံက ၁၁နာရီကို တည့်တည့်ညွှန်ပြနေပြီ။

၂နာရီ။ သူဒီမှါ ထိုင်စောင့်နေတာ ၂နာရီ တိတိရှိပြီ။

antonအတွက် အဲ့ဒီလူရဲ့ first
impressionက ဒီတစ်ခုထဲနဲ့တင်
တော်တော် down နေပြီ။ သူနောက်ဆုံး အခွင့်အရေး အနေနဲ့ အဲ့ဒီလူကို ၅မိနစ်ပဲ ထပ်စောင့်တော့မှာ။

"5...4...3...2...1..."

နောက်ဆုံး စက္ကန့်ပဲ။ antonဆက်ပြီး သည်းမခံနိုင်တော့။ သူ့ဘက်က အတတ် နိုင်ဆုံး စောင့်ခဲ့ပြီးပြီမို့ တာဝန်ကျေပြီ။
antonထိုင်ခုံက ထလိုက်တယ်ဆိုရင်ပဲ
မျက်လုံးရှေ့ကို ရောက်လာတဲ့ အနီရဲရဲ sneakerလေးဝတ်ထားတဲ့ ခြေထောက်
တစ်စုံ။

"hello antonဆိုတာမင်းလား"

သူ့နံမည်ကို ခေါ်လိုက်တဲ့ သြရှရှ အသံ လေးကြောင့် antonမော့ကြည့်လိုက် တော့ ဂုတ်ထောက်နေတဲ့ဆံပင်ကို blonde color ဆိုးထားပြီး ရှုပ်ရှက်ခတ်နေတဲ့ designကို မှ လမ်းသရဲဆန်ဆန် fashionနဲ့လူတစ် ယောက်။

maskတပ်ထားလို့ မျက်နှာကို သေချာမ မြင်ရပေမယ့် messageမှာ ပြောခဲ့သလို တစ်ကိုယ်လုံး အနီရောင်ကို တောက်
နေအောင် ဆင်ထားတဲ့ ဒီလူက park
wonbinဆိုတဲ့ လူမှန်း antonတန်းသိ လိုက်သည်။

MY PRINCESSWhere stories live. Discover now