" သစ်ရွက်ကြွေတွေဖမ်းမိရင် အဲ့ဒီသစ်ရွက်ကလေးက ကိုယ်နဲ့ထိုက်လို့ ကိုယ်ရတာတဲ့... စာအုပ်ကြားထဲ ညှပ်ပြီး သိမ်းထားရင် ဆုတောင်းပြည့်တယ်တဲ့... ကိုကိုသိလား... "
" ကိုကိုဝတ္ထုထဲဖတ်ဖူးတာတော့ သစ်ရွက်ကြွေလေးတွေ စာအုပ်ကြားညှပ်ထားရင် တစ်ချိန်ကျ လိပ်ပြာလေးတွေ ဖြစ်သွားကြမှာတဲ့.... "
" သစ်ရွက်ကြွေက သစ်ရွက်ကြွေပဲပေါ့ဟာ... နွေရာသီရောက်ခါနီးလို့ ကြွေကျလာတာ... သူ့မှာ ဘာအစွမ်းမှ မရှိဘူး... "
သူ့တစ်ဘဝလုံးနဲ့ပုံပြီးလောင်းရဲတယ်ဆိုပြီး ရန်ရန်ပြောခဲ့တဲ့စကားတွေက မှန်ခဲ့ပါတယ်။ သစ်ရွက်ကြွေဆိုတာ ဒီတိုင်း သေဆုံးသွားတဲ့ သစ်ရွက်ကလေးတွေပါပဲ။ သူတို့မှာ ဘာအစွမ်းမှ မရှိဘူး။ ဘာမှော်ပညာမှ မရှိဘူး။ နောက်ဆုံးမှာ သစ်ရွက်ခြောက်ကလေးတွေဟာ ဆုတောင်းတွေကိုလည်း ဖြည့်မပေးခဲ့ဘူး။ လိပ်ပြာကလေးတွေလည်း ဖြစ်မလာကြဘူး။ ဆုတောင်းစကားတွေနဲ့သစ်ရွက်ကြွေတွေဟာ စာအုပ်တွေကြားမှာ နှစ်ပေါင်းများစွာ... နောက်ထပ် တစ်ဘဝလုံးစာ...
