အပိုင်း(၃၇)(END)

Start from the beginning
                                    

*ဒီအထိတောင်လှမ်းလာခဲ့ပြီးပြီပဲရှေ့ဆက်တိုးရုံကလွဲလို့ငါ့မှာလမ်းလဲရှိမနေပါဘူးလေ*

ရုံးခန်းထဲသို့ဝင်လိုက်ကာဆရာမအလုပ်ကိုစွန့်လွှတ်မည့်လမ်းကိုသာသူရွေးလိုက်ပါသည်။

________________________
ဒေါင်းငယ်~~

ကိုယ်မင်းအနားကထွက်ခဲ့တာ ငါးနှစ်ပြည့်တော့မယ်။

ကိုယ်ဒီ‌နေ့ဖြတ်ခဲ့တဲ့လမ်းဘေး‌ေလးမှာ ပန်းလေးတွေအများကြီးပဲတွေ့ခဲ့တယ်။

တစ်ချိန်ကမင်းပြောရင် စာအုပ်လေးထဲအပြေးမှတ်ခဲ့ရတဲ့ပန်းလေးတွေလဲပါတယ်ပေါ့။

မင်းရဲ့ဆူသံလေးတွေလဲလွမ်းမိသည်။

ဆုတောင်းမှုတွေနောက်မှာဆုတောင်းပြည့်ခြင်းဆိုတာတော့မလာခဲ့ဘူးကွယ်။

နားကြပ်မှာလာနေခဲ့တဲ့သီချင်းကကိုယ်တစ်ချိန်က မင်းရှေ့မှာ မင်းကိုပိုးပန်းကာ အော် ဆိုခဲ့တဲ့သီချင်း။

ကိုယ်‌တို့တွေပြန်တော့ဆုံနိုင်ပါမှာနော်.....စောင့်နေတယ်မလားမေ။

မှန်ပြတင်း‌ပေါက်အတွင်းဘက်မှကြည့်နေမိသောကောင်းကင်ယံထက်မှမိုးစက်များတဖြည်းဖြည်းကျဆင်းလာသည်။လက်ထဲမှာ ကုန်လွန်ခံနီးနေပြီဖြစ်သောဆေးလိပ်ကိုမီးသတ်လိုက်ကာ အလုပ်စားပွဲ၌ပြန်ဝင်ထိုင်လိုက်သည်။အနည်းဆုံးတော့ဒီစာချုပ်စာတန်းတွေကြားစိတ်နှစ်ထားမိလျှင်သူမကိုသတိရစိတ်အတန်ငယ်မျှတော့လျော့နိုင်လောက်သည်။

"ဝင်ခွင့်ပြုပါ sir"

"အင်း"

"ဒီနေ့ mailတွေထဲမှာ weeding invitation တစ်ခုရောက်နေတယ်"

"ဟုတ်လားဘယ်သူပါလိမ့် ငါဝင်ကြည့်လိုက်မယ် ဟိုဘက်ခုံပေါ်က တင်ထားတဲ့ဖိုင်တွေ ယူသွားလို့ရပြီ ငါကြည့်ပြီးပြီ"

"ဟုတ်"

"ဒါနဲ့လက်မှတ်ဖြတ်ပြီးပြီလား"

"ဟုတ်ကဲ့ဖြတ်ပြီးပါပြီ"

"အင်းရပြီသွားတော့"

သူဒီမှာပဲကျောင်းတက်ပြီး businessပိုင်းနဲ့ဘွဲ့ယူကာ ဦီးလေးဖြစ်သူရဲ့companyမှာပဲအလုပ်ဝင်လုပ်ခဲ့သည်။ကြိုးစားမှုကြောင့်ပင်ဖြစ်မည် ယခုcompany ခွဲ သည် သူ့အုပ်ချုပ်မှုပိုင်းဖြစ်လာခဲ့သည်။

𝘈𝘱𝘱𝘳𝘦𝘤𝘪𝘢𝘵𝘦 𝘛𝘩𝘦 𝘍𝘭𝘰𝘸𝘦𝘳 𝘠𝘰𝘶 𝘞𝘦𝘢𝘳Where stories live. Discover now