အခန်း22

177 29 0
                                    

အခန်း 22

ကျောင်းသားများက ဆူညံနေသော်လည်း အမှောင်ဖုံးနေသည့် လှေကားထစ် အောက်တွင် တွင် သူ နွေးထွေးစွာ  ပွေ့ဖက်ခံနေရသည်။

နင်အာ၏ကမ္ဘာသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

   

သူ့ခါးကို ပွေ့ဖက်ထားသည့် လက်များ၏ ခွန်အားကို ခံစားလိုက်ရသည်၊

   

    ပွေ့ဖက်မှု၏ အရှိန်ကို ခံစားလိုက်ရသည်၊

   

     ရှောင်ပေါ်ဟန် ၏ ပြင်းထန်သော နှလုံးခုန်သံကို ခံစားလိုက်ရသည်၊

  သူ့နားထဲတွင် တဆတ်ဆတ် တုန်နေသည်။

ရှောင်ပေါ်ဟန် ၏ နွေးထွေးသော အသက်ရှုသံသည် သူ့လည်ပင်းပေါ်သို့ မှုတ်ထုတ်လိုက်ရာ  ထိလွယ်ရှလွယ်သော အသားအရေကို တုန်လှုပ်သွားစေခဲ့သည်။

    ‌နင်အာ သည် ရှောင်ပေါ်ဟန် ၏ လက်ရှိအမူအရာကို ကြည့်ရန် ခေါင်းကို မော့ထားသော်လည်း ရှောင်ပေါ်ဟန် က သူ့မျက်နှာကို သူ့ပခုံးတွင် တင်းတင်းကျပ်ကျပ် မြှုပ်ထားသဖြင့် ဘာမှ ရှင်းရှင်းလင်းလင်းမမြင်ရချေ။

" ရှောင်ပေါ်ဟန်..." ‌နင်အာ က တိုးတိုးလေးခေါ်လိုက်သည်။

ရှောင်ပေါ်ဟန် ၏ ကျယ်လောင်သောအသံသည် သူ့နားထဲသို့ ရောက်လာသည် “သူဆီကို မသွားပါနဲ့…”

‌နင်အာ၏နှလုံးသားများ တုန်လှုပ်သွားပြီး သူဆက်မပြောတော့။

ပူပြင်းသော ခန္ဓာကိုယ်နှစ်ခုသည် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။

‌နင်အာ သည် ရှောင်ပေါ်ဟန် နှင့်သူ၏ ကိုယ်ပိုင်နှလုံးခုန်သံကိုကြား နေရသည်။

ရုတ်တရက် သူ့ရင်ထဲမှာ ထူးဆန်းတဲ့အသံတစ်ခု ထွက်ပေါ်လာသည်။

လျိုရှောင်မိန် က " ရှောင်ပေါ်ဟန် က ငါ့ကို လုံးဝမကြိုက်ဘူး"

ရှောင်ပေါ်ဟန် က "ငါလည်း ဒီပန်းချီပြပွဲကို သွားချင်တယ် လေ"

    သူက လျိုရှောင်မိန်ကိုလည်း  မကြိုက်သလို အနုပညာပြပွဲကိုလည်း မကြိုက်ဘူး။ ဒါပေမယ့် ဘာလို့ သူသွားကြည့်ချင်တာလဲ... ဒါပေမယ့်...

A LITTLE LOVE SONG {Complete} Where stories live. Discover now