"ဒီကြင်ယာတော်က ခေါင်းဆောင်ရဲ့အချစ်မခံရဘူးနဲ့တူတယ် သူ့ကိုနှိမ်ထားနိုင်ရင် ငါတို့ ခေါင်းဆောင်အသစ်ကိုမြူဆွယ်ဖို့အခွင့်ရေးရနိုင်တယ်.."

ဟီနာအနောက်က အစေခံမလေးနှစ်ယောက်က တီးတိုးပြောနေကြတာဖြစ်သည်။

"မင်းတို့ ကြင်ယာတော်ကို ခနကြည့်ထား ငါစားဖိုဆောင်ဘက်သွားကြည့်အုံးမယ်.."

"ဟုတ်ကဲ့.."
အစေခံခေါင်းဆောင်က ထိုသို့ပြောကာထွက်သွားသည်။
တီးတိုးပြောနေတဲ့ အစေခံမလေးနှစ်‌ယောက်နဲ့ ဟီနာသာ ကျန်ခဲ့တော့သည်။

"ဟွန့်..ကြင်ယာတော်က တကယ်ကိုရုပ်ဆိုးတာပဲ့နော်"

အစေခံမနှစ်ယောက်က ဟီနာ မကြားကြားအောင်ပင်ပြောလိုက်သည်။

"ဟုတ်ပ ဒါကြောင့်ခေါင်းဆောင်က သူ့ကိုမချစ်တာနေမှာပေါ့ ဟီးဟီး.."

"မင်းတို့ဘာပြောလိုက်တာလေ.."

"အိုး ကျွန်မတို့ကအမှန်တရားကိုပြောတာပါ..."

"အဲတော့ဘာဖြစ်ချင်လဲ.."

အစေခံကထိုသို့ပြောကာ ဟီနာကို အားဖြင့်လှဲကျအောင်တွန်းလိုက်သည်။

ဟီနာလည်းပင်ပန်းကာ အားပျော့နေသည်မို့ မြေပြင်ပေါ် ဘုတ်ခနဲ လဲကျသွားသည်။

"အာ့..မင်း‌တို့.."

"ဘာလဲ ဘာလုပ်ချင်တာလဲ သေတဲ့အထိရိုက်မခံချင်ဘူးဆိုရင် ငါတို့ပြောတာ နားထောင်လိုက်.."

အစေခံရဲ့ရည်ရွယ်ချက်က
'ကြင်ယာတော်ကသာ သူတို့ကိုကြောက်ပြီး နာခံနေရင် အရာအားလုံးလွယ်ကူပြီလို့ပင်'

"မင်းတို့ကများ...ဖြန်း!ဖြန်း!.."

ဟီနာက ထကာ အစေခံနှစ်ယောက်လုံးရဲ့ပါးကို အားပါးပါးဖြင့်ရိုက်ချလိုက်သည်။

"အာ့..အဟင့်..ဟင့်..."

"ဟီနာ!"

ဟီနာက အစေခံတွေနောက်မှလာနေတဲ့ အာသာကို မြင်လိုက်တာကြောင့် မြေပြင်ပေါ်ပြန်လှဲချကာ ငိုလိုက်တာဖြစ်သည်။

"ဘာဖြစ်တာလဲ ဟီနာ ..ကိုယ့်ကိုပြော.."

အာသာက ဟီနာရှေ့ဒူးထောက်ချကာ အမြန်ဖက်ပြီး မေးလိုက်သည်။

My Little Wife Where stories live. Discover now