''အဲဒါဓူဝံဖျော်ပေးလိုက်တာ ​သူ့အတွက်အရင်ဖျော်နေလို့စောင့်နေရသေးတယ်လေ အာ့ကြောင့်ကြာသွားတာ''

''ရှင်ပေါ့လေ''

''အာ ဘော့စ်လို့ပြောတာ''

''နေပါဦး ငါမင်းကိုခိုင်းတာကိုဘာလို့ဓူဝံကလုပ်ပေးလိုက်တာလဲ မင်းကအပါးခိုတာလား''

''ကျွန်မမှဘော့စ်သောက်သလိုမသိတာ ဘော့စ်ကတစ်ခါတည်းပြောလိုက်တာမဟုတ်ပဲနဲ့ ကျွန်မအပြစ်ပဲဖြစ်ရသေးတယ် ဒါဘော့စ်လိုတာလေ''

တံတိုင်းသူ့အားတစ်ခွန်းမကျန်ပြန်ပြောနေသောသူမအားမော့ကြည့်ကာအသည်းယားလာရသည်။
ဒီနေ့ပဲအလုပ်ဝင်တယ် ဒီနေ့ပဲအလုပ်ဖြုတ်ခံရမယ့်ပုံစံတွေလုပ်နေတယ်။

ဒီကုမ္ပဏီမှာသူ့သူငယ်ချင်းတွေကလွဲရင်ဘယ်သူမှသူ့ကိုမော်မကြည့်ရဲ။
အခုသူမကတော့ပြန်တောင်ရန်တွေ့နေသေး။

''ကျွန်မကိုခိုင်းစရာမရှိတော့ဘူးမလား''

မေးပြီး သူ့ဆီကအဖြေစကားကိုလည်းမစောင့်ပဲချက်ချင်းပဲနေရာသို့ပြန်လာလိုက်၏။

''ဘာပုံစံလေးမှန်းကိုမသိဘူး''

__________

အလုပ်စဝင်တာပထမဆုံးရက်မို့ရောင်စဥ်ဘာဆိုဘာမှနားမလည်သေးပဲအူကြောင်ကြောင်ဖြစ်နေတုန်းပါ။

''ကြယ်​ရောင်စဥ် လာဦး''

ရောင်စဥ်သူ့နားသွားရပ်ကာ

''ဘာခိုင်းမလို့လဲ''

''ရော့ ဒီဖိုင်တွဲကိုဒီဇိုင်းအဖွဲ့ဆီသွားပေးလိုက်''

ရောင်စဥ်သူလှမ်းပေးတဲ့ဖိုင်လေးအားယူကာရုံးခန်းထဲမှထွက်လာလိုက်၏။

သူမဒီဇိုင်းအဖွဲ့ထဲရောက်သွားတော့အဖွဲ့သားဆယ်ယောက်ကလက်ပ်တော့တစ်လုံးစီနဲ့ဒီဇိုင်းဆွဲရင်းအလုပ်ရှုပ်နေကြသည်။
လက်ကလည်းစာရွက်ပေါ်ချဆွဲလိုက် လက်ပ်တော့မှာပြန်ပြီးအာရုံစိုက်နဲ့မို့တော်တော်လေးလည်းအလုပ်များကြမှာပင်။

ရောင်စဥ်လက်ထဲအားဖိုင်လေးအားသုသဒ္ဓါကိုသွားပေးလိုက်ပြီး

''ဘော့စ်ပေးခိုင်းလိုက်လို့ပါမသုသဒ္ဓါ''

သူမကပြုံးလိုက်ရင်း

ရူးရူးမူးမူး...အချစ်ဦး[completed]Tempat cerita menjadi hidup. Temukan sekarang